အီတလီမြောက်ပိုင်းတွင် ရထားနှင့်ထရပ်ကား မတော်တဆတိုက်မှုကြောင့် လူနှစ်ဦးသေဆုံး၊ ၁၈ ဦးဒဏ်ရာရ

အီတလီနိုင်ငံ မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ရထားနှင့် ထရပ်ကားတို့ ပြင်းထန်စွာတိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရကြောင်း တယ်လီဂရပ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
 
အဆိုပါ မတော်တဆမှုသည် အီတလီမြောက်ပိုင်း Turin မြို့အနီးတွင် ဗုဒဟူးနေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်တွင် မီးရထားမောင်းသေဆုံးခဲ့ကြောင်း သိရသည်။
 
ယာဉ်တိုက်မိမှု ပြင်းထန်သည့်အတွက် မီးရထားတွဲသုံးတွဲမှာ ရထားလမ်းဘေးသို့ ချော်ထွက်သွားကြောင်း ဒေသခံ သတင်းမီဒီယာရုပ်သံများတွင် ဖော်ပြထားသည်။
 
ကယ်ဆယ်ရေးသမားများ အနေဖြင့် အခင်းဖြစ်ပွားသည့်ညပိုင်းတွင် အပျက်အစီးများကြားထဲတွင် ခရီးသည်များ ပိတ်မိနေခြင်းမရှိစေရန် သေချာအောင် ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
 
အဆိုပါမီးရထားအနေဖြင့် Caluso မြို့အနီးတွင် ထရပ်ကားဖြင့် ည ၁၁း၂၀ ၀န်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
ကုန်ပစ္စည်းအပြည့် သယ်ဆောင်လာသည့်ယာဉ်ဖြင့် TurinမှIvrea သို့သွားသည့်ရထားသည့် မီးရထားလမ်းအဖြတ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ကနဦးသတင်းများအရ မီးရထားမောင်းသူမှာ သေဆုံးပြီး ခရီးသည်အများအပြား ဒဏ်ရာရရှိကြောင်း အီတလီ မီးရထားကွန်ရက်ဖြစ်သည့် RFI သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။
 
ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် AGI သတင်းအေဂျင်စီ ဖော်ပြချက်အရ ဒုတိယမြောက် သေဆုံးသူသည် ဒဏ်ရာအပြင်းအထန် ရရှိသဖြင့် Turin ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် အချိန်မီပို့ဆောင်သော်လည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
 
ReF:The Telegraph
The Ladies News
 

 

Vote: 
No votes yet

Add new comment