ထိပ်တန်းအမှတ်တံဆိပ်အဖြစ် ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုခံရမှုတို့ နှင့်အတူ အသွင်သစ်နဲ့ Huawei ကို မိတ်ဆက်

Huawei Device Myanmar သည် ၄င်း၏ ကမ္ဘာတစ်ဝှမ်း၌ ပြောင်းလဲသုံးစွဲသွားမည့် အမှတ်တံဆိပ်အသွင်သစ်ကို ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့က ရန်ကုန်မြို့၊ ဂျန်းရှင်းစီးတီး၌ ကျင်းပပြုလုပ်သည့် New Huawei Roadshow ပွဲ၌ မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
 
အဆိုပါ အခမ်းအနားတွင် စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး တီထွင်ဆန်းသစ်မှု၊ သုံးစွဲသူဗဟိုပြု ထုတ်ကုန်များကို ထုတ်လုပ်တတ်မှု စသည်တို့ကို ကိုယ်စားပြုမည့် အမှတ်တံဆိပ် အသွင်သစ်အကြောင်း ရှင်းလင်းတင်ပြပြီး လက်ရှိ ဈေးကွက်ထဲတွင် ရောင်းအားအကောင်းဆုံး Nova 3e ၊ Y series မျိုးဆက်သစ် ထုတ်ကုန်များဖြစ်သည့် Y9 (2018) နှင့် Y7 Pro (2018) တို့ကို စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များနှင့်အတူ ရောင်းချခဲ့ပေးခဲ့ကြောင်းလည်း သိရသည်။
 
“ကျွန်မတို့ အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ သုံးစွဲသူတွေဆီ ရောက်ရှိဖို့နဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သုံးစွဲသူတွေကို အရည်အသွေး မြင့်မားတဲ့ အတွေ့အကြုံတွေ အစဉ်မပြတ် ယူဆောင်လာနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ကျွန်မတို့ရဲ့ ထုတ်ကုန် အမှတ်တံဆိပ်အသစ်ရဲ့ အဓိပ္ပာယ်ကတော့ ဒီဇိုင်းနှင့် တီထွင်ဆန်းသစ်မှုကို ကိုယ်စားပြုပြီး၊ ရှေ့ဆက်သွားမယ့်ခရီးမှာ ကျွန်မတို့ရဲ့ နည်းပညာကျွမ်းကျင်မှုတွေကို အကောင်းဆုံးအသုံးချပြီး ခေတ်မီဆန်းသစ်တဲ့ ထုတ်ကုန်တွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ ထုတ်လုပ်ရောင်းချပေးသွားဖို့ ရည်ရွယ်ပါတယ်” ဟု Huawei Devices Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းမှ ပြောကြားခဲ့သည်။
 
ပေါ့ပေါ့ပါးပါးနှင့် အသုံးပြုရလွယ်ကူသည့် Y series အသစ်သည် အဆင့်မြင့်စမတ်ဖုန်းများတွင် ပါဝင်သည့် လုပ်ဆောင်ချက်များ၊ နည်းပညာများအား ဈေးနှုန်းအသင့်အတင့်ဖြင့် ဝယ်ယူသုံးစွဲလိုသည့် လူငယ်များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 
Huawei Y9 (2018) တွင် 13MP + 2MP ပါဝင်သည့် နောက်ကင်မရာနှစ်လုံး နှင့် Selfie ပုံများရိုက်ကူးရန် 16MP + 2MP ရှိသည့် အရှေ့ကင်မရာ အပါအဝင် စုစုပေါင်းကင်မရာ ၄ လုံးပါဝင်သည်။ ထို့အပြင် ကြာရှည်အသုံးပြုနိုင်သည့် လုပ်ဆောင်ချက် (ultra-power saving options) ပါဝင်သည့် 4,000 mAh ဘတ္ထရီတစ်လုံး ပါဝင်ပါသည်။ Huawei Y7 Pro တွင် 13MP + 2MP ပါဝင်သည့် နောက်ကင်မရာနှင့် 8MP ရှိသည့် အရှေ့ကင်မရာတစ်လုံးပါရှိပြီး 3,000 mAh ဘတ္ထရီ တပ်ဆင်ထားသည်။ ဖုန်းအမျိုးအစား နှစ်ခုစလုံးအား နောက်ဆုံးထွက်ရှိထားသည့် Android 8.0 Oreo ကို အခြေခံသည့် EMUI 8.0 အသုံးပြုထားပြီး၊ 3GB RAM နှင့် 32GB storage ပါဝင်သည်။
 
ထို့အပြင် Full View Display နှင့်အတူ အဆင့်မြင့်မားသည့် သုံးစွဲသူအတွေ့အကြုံများ ပေးစွမ်းနိုင်မှုကြောင်း ရောင်းအား ပြတ်လတ်သည်အထိ လူကြိက်များခဲ့သည့် Nova 3e အား ဒုတိယအကြိမ်အဖြစ် ပြန်လည်တင်သွင်းပြီး အဆိုပါ New Huawei Roadshow ၌ ထည့်သွင်းရောင်းချခဲ့သည်။ အဆိုပါစမတ်ဖုန်းတွင် notch ဒီဇိုင်းပါဝင်ပြီး၊ 16MP + 2MP ရှိ နောက်ကင်မရာနှစ်လုံးနှင့် beauty algorithm ပါရှိသည့်အတွက် လူတစ်ဦးချင်းစီ၏ သဘာဝအလှအား ဖော်ထုတ်ပေးနိုင်စွမ်း ရှိကြောင်း သိရသည်။ “Nova 3e မှာ ပေါ်လွင်တဲ့ဒီဇိုင်းသွင်ပြင်၊ ကင်မရာ လုပ်ဆောင်ချက်တွေနဲ့ full view display ပါဝင်ပြီး အလွန်သင့်တင့်တဲ့ ဈေးနှုန်းနှင့် ရောင်းချပေးနေတာကြောင့် ဈေးကွက်ထဲမှာ လူစိတ်ဝင်စားမှု အများဆုံး ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ Consumer တွေရဲ့ အားပေးမှုကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့ပြီး ကျွန်မတို့ အနေနဲ့ ရောင်းအားစံချိန် ချိုးနိုင်ခဲ့ပါတယ်” ဟု မခင်ရတနာဝင်းမှ ဆက်လက်ပြောကြားခဲ့သည်။
 
၂၀၁၂ ခုနှစ်မှ စတင်ပြီး မြန်မာ့ဈေးကွက်သို့ ဝင်ရောက်လာခဲ့သည့် Huawei သည် ယနေ့တွင် Mate ၊ P ၊ Y ၊ Nova များနှင့်အတူ ရောင်းအားမြင့်မားစွာ ရရှိနေပြီး ခိုင်မာသည့် စီးပွားရေးတိုးတက်မှုများ ရရှိနေသည့် စမတ်ဖုန်း ကုမ္ပဏီလည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၉၂.၅ ဘီလီယံ ရရှိခဲ့ပြီး၊ ၂၀၁၆ ခုနှစ်ထက် ၁၅.၇% ကျော်လွန်ခဲ့ပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၇.၃ သန်း ပိုမိုရရှိခဲ့သည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment