Nokia နှင့် အူရီဒူးမြန်မာတို့မှ ၅ နှစ်တာ အောင်မြင်စွာပူးပေါင်း ဆောင်ရွက်မှုကို ရှေ့ဆက်လုပ်ဆောင်သွားရန် အတွက် သုံးစွဲသူများကို အရည်အသွေး ပြည့်ဝကောင်းမွန်သော အတွေ့အကြုံကောင်းများ ပေးအပ်နိုင်ရန် အစီအစဉ်တစ်ခုကို ပူးပေါင်းဆောင်ရွက်သွားမည့် အနေဖြင့် နားလည်မှုစာချ

Nokia နှင့် အူရီဒူးမြန်မာတို့မှ ၅ နှစ်တာ အောင်မြင်စွာပူးပေါင်း ဆောင်ရွက်မှုကို ရှေ့ဆက် လုပ်ဆောင်သွားရန် အတွက် သုံးစွဲသူများကို အရည်အသွေး ပြည့်ဝကောင်းမွန်သော အတွေ့အကြုံကောင်းများ ပေးအပ်နိုင်ရန် အစီအစဉ်တစ်ခုကို ပူးပေါင်းဆောင်ရွက်သွားမည့် အနေဖြင့် နားလည်မှု စာချွန်လွှာရေးထိုးပွဲကို ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ Melia Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ယခု ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍတစ်ရပ်အနေဖြင့် Nokia မှ ကွန်ရက်လွှမ်းခြုံမှုနှင့် အရည်အသွေးကို လေ့လာ ဆန်းစစ်ရန်အတွက် အူရီဒူး၏ကွန်ရက်ကို အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အပြင်၊ ၄င်း၏ နည်းပညာမြင့် လေ့လာဆန်းစစ်မှု နှင့်အတူ 3D Geolocation ကိရိယာများအား အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအဆင့်မြင့် ပြည့်စုံကောင်းမွန်သည့် အစီအစဉ် ဆောင်ရွက်ခြင်း၏ ရလဒ်ကြောင့် အရည်အသွေးမြင့် ကွန်ရက်ဖြင့် အူရီဒူးသုံးစွဲသူများအား အကောင်းဆုံးသော စံညွှန်းနှင့်အညီ bandwidth မြင့်သော အက်ပလီကေးရှင်းများကို အသုံးပြုထားသော ဗီဒီယိုများ တိုက်ရိုက်ကြည့်ရှုခြင်းနှင့် အွန်လိုင်းဂိမ်းများကစားခြင်း အစရှိသဖြင့် ပြုလုပ်နိုင်မည်လည်း ဖြစ်သည်။

Nokia မှ ကွန်ရက်အစီအစဉ် တစ်ခုလုံးကို အချိတ်အဆက်မိမိ ပြည့်စုံကောင်းမွန်သည့် ကွန်ရက်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၄င်း၏ ကွန်ရက်နှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များက အဆင့်မြင့်ကိရိယာများ၊ အစီအစဉ်များနှင့် နည်းပညာများအားလုံးကို ပေါင်းစပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်သည် ဆိုရှယ်မီဒီယာ၊ ဂိမ်းကစားခြင်းနှင့် ဗီဒီယို အက်ပလီကေးရှင်းများကို အသုံးပြုနေသည့် အူရီဒူးသုံးစွဲသူလူငယ်များကို အဓိကဦးတည်၍ အထူးပြု ဆောင်ရွက် သွားမည်လည်း ဖြစ်သည်။

ပိုမိုကောင်းမွန်လာမည့် အရည်အသွေးမြင့် ဝန်ဆောင်မှုများကြောင့် လက်ရှိအူရီဒူးသုံးစွဲသူများ အနေဖြင့် ၀န်ဆောင်မှု အပေါ် ပိုမိုနှစ်ခြိုက်သဘောကျမှာဖြစ်ပြီး သုံးစွဲသူသစ်များကိုလည်း အူရီဒူးကွန်ရက် အသုံးပြုချင်လာအောင် အူရီဒူးအနေဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဆောက်အဦ အတွင်းပိုင်းကျသည့် နေရာများအထိ ကွန်ရက် အရည်အသွေး ကောင်းမွန်စေရန်အတွက် Nokia မှ မူပိုင်ခွင့်မှတ်ပုံတင်ထားသော အယ်လဂိုရီသမ် လုပ်နည်းစနစ်များနှင့်အတူ 3D Geolocation စီမံခြင်းနှင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်သည့် ကိရိယာများကို အသုံးပြုမည် ဖြစ်သည်။ အဆင့်မြင့် လေ့လာဆန်းစစ်ချက်များကို အသုံးပြုထားသည့် အကောင်းဆုံး ကြိုတင်ခန့်မှန်း ဆောင်ရွက်ချက်များမှ အရေးအကြီးဆုံး အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများအတွက် သုံးစွဲသူအတွေ့အကြုံ အရည်အသွေး (Quality of Experience - QoE) ကို အက်ပလီကေးရှင်းနှင့် ၀န်ဆောင်မှုများအတွက် အဓိကထား ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha က “ကျွန်တော်တို့အနေဖြင့် သုံးစွဲသူတွေ အတွက် ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဟာ တကယ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကတိပြုထားတဲ့အတိုင်း အူရီဒူးအသုံးပြုသူတွေဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်း ဆောင်တာတွေမှာ အင်တာနက်ရဲ့စွမ်းအားကို ပျော်ရွှင်စာနဲ့ခံစားနိုင်ဖို့ အတွက် ကူညီလုပ်ဆောင်ပေးလိုပါတယ်။ Nokia နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်တော်တို့အနေနဲ့ နည်းပညာရှင်များကို အထူးကျေးဇူးတင်ရှိသလို ယုံကြည်မှု အပြည့်အ၀လည်း ရှိပါတယ်။ ထိုမှတစ်ဆင့် အူရီဒူးအနေနဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ် ဖျော်ဖြေရေးတွေနဲ့ တချို့သော ဗီဒီယိုတိုက်ရိုက်ကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်း အစရှိတဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်မှု အပြည့်အဝရှိပါတယ်” ဟုပြောကြားခဲ့သည်။  

ထို့အပြင် Nokia မှ Head of Asia Pacific and Japan ဖြစ်သူ Mr. Sandeep Girotra က “အူရီဒူးမြန်မာလို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးအပ်တဲ့လုပ်ငန်းတွေက သုံးစွဲသူအတွေ့အကြုံကို ပြည့်စုံကောင်းမွန်အောင် အဓိကဦးစားပေး ဆောင်ရွက်ပေးခြင်းကနေ အကျိုးရလဒ်များစွာ ရရှိအောင် ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများ ပေးအပ်ဖို့အတွက် ကွန်ရက် ဆန်းစစ်ချက်တွေကို အသုံးချအကောင်အထည်ဖော် ဆောင်ခြင်းရဲ့ အားသာချက်တွေကို လက်ရှိမှာ နားလည်ထားပြီလို့ ယုံကြည်ပါတယ်။ ၄င်းသည် အချိန်တိုတိုနှင့် အကျိုးရှိမှုအသစ်များ (သို့) အကျိုးအမြတ် ရလမ်းသစ်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက်ကိုလည်း ကူညီပေး နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် အူရီဒူးမြန်မာနှင့် ကာလရှည် ဆက်ဆံရေးရှိခဲ့ပြီး ယခုလည်း အူရီဒူးမြန်မာ၏ လုပ်ဆောင်ချက် ကောင်းများအတွက် လိုအပ်တဲ့ အရာတွေရရှိအောင် လေ့လာဆန်းစစ်မှုတွေရဲ့တန်ဖိုးအားလုံး အသုံးချနိုင်အောင် ကူညီပေးဖို့အတွက် စိတ်အားထက်သန်လျှက် ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။
 
Nokia 3D Geolocation သည် မူပိုင်ခွင့်မှတ်ပုံတင်ထားသော အယ်လဂိုရီသမ် လုပ်နည်းစနစ်များကို အသုံးပြုထားပြီး အဆောက်အဦအမြင့်များ၏ အတွင်းနှင့်အပြင် နှစ်မျိုးစလုံးတို့တွင် ကွန်ရက်လွှမ်းခြုံမှု လစ်လပ်နေသည့် နေရာများနှင့် ဝန်ဆောင်မှု အရည်အသွေး ကျဆင်းခြင်းတို့အတွက် ခွဲခြမ်းစိတ်ဖြာပေး နိုင်မည် ဖြစ်သည်။

အချိန်နှင့်တစ်ပြေးညီ ကွန်ရက် ပိုင်းခြား စိတ်ဖြာပေးသည့် ဆော့ဖ်ဝဲလ် Nokia Traffica  မှ ပြစ်ချက်များကို ရှာဖွေ ကြီးကြပ်စီမံပေးသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး ကွန်ရက်လိုင်း၊ ကွန်ရက်၊ နေရာများ၊ ဆက်စပ်ပစ္စည်းများနှင့် သုံးစွဲသူများအား လိုအပ်သည့် နေရာများစွာတွင် ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး အူရီဒူးမှ အဆင့်မြင့် သုံးစွဲသူအတွေ့အကြုံ ပေးအပ်နိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

The Ladies News
 

Vote: 
No votes yet

Add new comment