ပါကစ္စတန်ကျောင်းသူသုံးဦး အုပ်စုဖွဲ့ အက်ဆစ်ဖြင့် ပက်ကာတိုက်ခိုက်ခံရ

ပါကစ္စတန်နိုင်ငံ ဂူဂျာရက်မြို့တွင် ဘတ်စ်ကားမှတ်တိုင်တွင် ရပ်နေသည့် အမျိုးသမီး သုံးဦးအား ဆိုင်ကယ်စီး အမျိုးသားသုံးဦးမှ အက်ဆစ်ဖြင့်ပက်ကာ တိုက်ခိုက်ခံရကြောင်း ပါကစ္စတန်အခြေစိုက် The Express Tribune သတင်းဖော်ပြချက်အရ သိရသည်။
 
တိုက်ခိုက်ခံရသူများသည် ဂူဂျာရက်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသူများဖြစ်ပြီး ကျောင်းသွားရန် ဘတ်စ်ကား မှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေစဉ် မော်တော်ဆိုင်ကယ် စီးလာသည့် လူသုံးဦးမှ အက်ဆစ်ဖြင့် ပက်ကာ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။
 
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသူတစ်ဦးမှာ မျက်နှာအက်ဆစ်လောင်းကျွမ်းခံရပြီး ကျန်နှစ်ဦးမှာ ၎င်းတို့ လက်မောင်းများသို့သာ အက်ဆစ်လောင်ကျွမ်း ခံရကြောင်းဆိုသည်။ တိုက်ခိုက်ခံရသူသုံးဦးတွင် နှစ်ဦးမှာ ညီမအစ်မဖြစ်ပြီး ကျန်တစ်ဦးမှာ ၎င်းတို့ သူငယ်ချင်းဖြစ်ကြောင်း တိုက်ခိုက်ခံရကြောင်း ဆိုသည်။ တိုက်ခိုက်ရသူ အမျိုးသမီးများထဲမှ တိုက်ခိုက်သူတစ်ဦးကို သိသဖြင့် ရဲတပ်ဖွဲ့မှ ချက်ချင်းစုံစမ်းကာ ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း ဆိုသည်။
 
ရဲတပ်ဖွဲ့အရာရှိ Umair Hayat က ဖြစ်စဉ်သည် လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆိုခဲ့ခြင်းများ အရင်းတည်ကာ ဖြစ်ပွားသည် မိသားစုအတွင်းရေးကိစ္စ ဖြစ်ကြောင်း၊ ထိုသို့တိုက်ခိုက်မှုတွင် ပါဝင်သူတစ်ဦးသည် တိုက်ခိုက်ခံရသူ တစ်ဦး၏ ဦးလေးဖြစ်ပြီး လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆိုသည့်အပေါ် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
 
ပြီးခဲ့သည့်လအထိ ဂူဂျာရက်တွင် ဖြစ်ပွားသည့်ဖြစ်စဉ်သည် တတိယမြောက် အက်ဆစ်ဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ကြောင်း The Express Tribune တွင် ဖော်ပြထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment