မိန်းကလေး တစ်ယောက်အား လည်ပင်းညှစ် အနိုင်ကျင့်နေသူကို ဆွဲထိုးလိုက်တဲ့ ဂျက်စတင်ဘီဘာ

ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲ ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သူ ဂျက်စတင်ဘီဘာဟာ Coachella Party တစ်ခုမှာ မိန်းကလေးတစ်ယောက်ရဲ့ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားတဲ့ အမျိုးသားတစ်ဦးကို ၀င်ရောက်ထိုးကြိတ် ခဲ့တယ်လို့ သိရပါတယ်။ Unilad မှာ ဖော်ပြထားချက်အရ ပါတီကို တက်ရောက်လာတဲ့ အမျိုးသားတစ်ဦးဟာ မိန်းကလေး တစ်ယောက်ရဲ့ လည်ပင်းကို နံရံနဲ့ ဖိကပ်ကာ ညှစ်ထားခဲ့ပြီး ရုန်းနေသည့်တိုင်အောင် လွှတ်ပေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ထိုမြင်ကွင်းကို မြင်တွေ့ရတဲ့ ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ သူ့ရဲ့ သူငယ်ချင်းဟာ ထိုသို့ မလုပ်သင့်ကြောင်း စကားနဲ့ သွားရောက်ဖြန်ဖြေခဲ့ပေမယ့် ကျူးလွန်သူမှ ၄င်းတို့အား ရိုင်းစိုင်းတဲ့ စကားဖြင့် တုန့်ပြန်ခဲ့တာကြောင့် အခုလို ထိုးကြိတ်လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
 
“ဒီလူဟာ ဆေးသုံးထားပုံပေါက်နေပြီး အမျိုးသမီးကို မြင်တာနဲ့ ပြဿနာစရှာတော့တာပါပဲ.. ကျွန်တော့်အထင် သူတို့ ၂ ယောက်က စုံတွဲဖြစ်လိမ့်မယ်ဗျ။ ဘီဘာနဲ့ သူ့သူငယ်ချင်းက မိန်းကလေးတစ်ယောက်ကို အခုလို လုပ်နေလို့ စကားနဲ့ မလုပ်ဖို့ သွားပြောတာပါ။ ဒါကို သူက Go F**k Yourself လို့ ပြန်အော်ခဲ့တဲ့ အတွက် ဘီဘာက သူ့မျက်နှာကို လက်သီးနဲ့ ထိုးလိုက်ပြီး နံရံဘက်ကို စောင့်တွန်းပြီး အမျိုးသမီးကို လွတ်အောင်လုပ်ပေးခဲ့တာပါ” လို့ Unilad ရဲ့ အမေးကို မျက်မြင်သက်သေ တစ်ဦးကရဲ့ ဖြေကြားချက်အရသိရပါတယ်။
 
ဒါ့အပြင် အဆိုပါ ထိုးကြိတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဂျက်စတင်ဘီဘာကို တရားစွဲဆိုမှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိကြောင်းကိုလည်း TMZ သတင်းဌာနက တရားဝင်ထုတ်ပြန်ထားပါတယ်။
 
TMZ သတင်းဌာနရဲ့ အမေးကို ရဲအရာရှိတစ်ဦးက “ဒီကိစ္စမှာ ဘီဘာ ပါဝင်နေတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ တိုင်ချက်လာဖွင့်ထားတာ မရှိသလို၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ အကြောင်းကြားထားတာ မရှိတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့လည်း အရေးယူသွားမှာ မဟုတ်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
Ref: Unilad
The Ladies News
 

 

Vote: 
No votes yet

Add new comment