Selena အတွက် The Weeknd နဲ့ အပြိုင် ကျောက်ကပ် ထုတ်ပေးနိုင်တယ်လို့ ဆိုလိုက်တဲ့ Justin Bieber

Selena Gomez ဟာ အဆိုပိုင်းမှာလည်း နာမည်ကျော်ကြားသလို အချစ်ရေးမှာလည်း ကံကောင်းသူတစ်ဦးလို့ ဆိုရမှာပါ။ သူမဟာ ဆယ်ကျော်သက် ပရိသတ်တွေရဲ့ အသည်းစွဲ ပေါ့ပ်အဆိုတော် Justin Bieber ရဲ့ နှလုံးသား ကိုလည်း ပိုင်ဆိုင်ခွင့်ရထားသလို အချစ်ဟောင်း The Weeknd ကလည်း သူမကို အခုထိ စွဲလန်းနေတုန်းပဲ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

အခုအခါမှာတော့ အမျိုးသားဆယ်လီတွေရဲ့ အသည်းကို ပိုင်စိုးထားနိုင်တဲ့ သူမကြောင့် ရည်းစားဟောင်း The Weeknd နဲ့ Justin Bieber တို့အကြား အားပြိုင်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။  

The Weeknd နဲ့ Selena Gomez တို့ဟာ ၁၀ လကြာ ချစ်သူဘ၀ကို ဖြတ်သန်းခဲ့ကြသူတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာကမှ လမ်းခွဲခဲ့တာပါ။ The Weeknd ဟာ မကြာသေးမီက My Dear Melancholy ဆိုတဲ့ Mini Album ထွက်ရှိထားပြီး သီချင်းတိုင်းလိုလိုမှာ သူသိပ်ချစ်ရတဲ့ သူ့ရဲ့ ချစ်သူ Selena ရဲ့ အငွေ့အသက်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ အဆိုးဆုံးကတော့ သီချင်းတစ်ပုဒ်မှာ ” I almost cut a piece of myself for your life.“ “မင်းဘဝအတွက် ငါ့ကိုယ်ငါ့တောင် တစ်စစီ စတေးပစ်နိုင်တယ်“ ဆိုတဲ့ စာသားပါဝင်လာတာကြောင့် Justin နဲ့ သူနဲ့အကြား ပြိုင်ဆိုင်မှုတွေ ပိုမို ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

Justin နဲ့ နီးစပ်တဲ့ အတွင်းလူတစ်ဦးက Justin ဟာ အဆိုပါ သီချင်းကို နှစ်သက်ပေမယ့်လည်း အဆိုပါ သီချင်းဟာ သူ့အတွက်တော့ အနည်းငယ် ခါးသက်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Justin ဟာ Selena ကို တကယ်ချစ်သူ ဖြစ်ကြောင်း နဲ့ Selena သူ့ဆီကို ပြန်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ စောင့်နေမှာ ဖြစ်ကြောင်း၊ Justin ကလည်း သူ့ချစ်သူအတွက် ကျောက်ကပ်ကို ထုတ်ပေးရမယ် ဆိုရင်တောင် သူ့အကျိုးကို မငဲ့ဘဲ ချက်ချင်းထုတ်ပေးနိုင်သူ ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

Selena ပရိသတ်တွေဟာ ”I almost cut a piece of myself for your life. “ ဆိုတဲ့ စာသားနဲ့ ပတ်သက်ပြီး The Weeknd ဟာ သူ့ရဲ့ ကျောက်ကပ်ကိုတောင် Selena အတွက် ထုတ်ပေးချင်ခဲ့တာလို့ မှတ်ချက်ပေးခဲ့ကြတာကြောင့် Justin နဲ့ နီးစပ်တဲ့ အတွင်းလူတစ်ဦးက justin ရဲ့ Selena အပေါ် သဘောထားကို အခုလို တုန့်ပြန် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

The Ladies News

Vote: 
No votes yet

Add new comment