မကြာခင်မှာ ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံကြတော့မှာ ဖြစ်တဲ့ “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားမှ အနုပညာရှင်များ

လတ်တလော မြန်မာ့ရုပ်ရှင်လောကကို လှုပ်ခတ်စေခဲ့တာ “မုဒြာရဲ့ခေါ်သံ” အမည်ရတဲ့ ဇာတ်ကားတစ်ကားပါ။ အဆိုပါ ဇာတ်ကားဟာ ယနေ့အချိန်အထိ ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုပ်ရှင်တွေမှာ ၃ ပတ်မြောက် ထပ်တိုးပြသခွင့် ရရှိနေဆဲဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ရုပ်ရှင်ချစ်ပရိသတ်တွေ အမြာက်အမြား လက်ခံအားပေးခဲ့ကြတဲ့ ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားကို ဒါရိုက်တာ ခရစ်(စ)တီးနားခီ က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သူမရဲ့ ပထမဦးဆုံး ပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းဖြစ်ပြီး အဓိကသရုပ်ဆောင်အဖြစ် ဇဏ်ခီနဲ့ လှယဉ်ကျေးတို့ ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

အဆိုပါဇာတ်ကားဟာ ပုံမှန်မြင်တွေ့နေကျ ဇာတ်လမ်းမျိုးတွေကနေ ကွဲထွက်နေပြီး Documentary ဆန်ဆန် ရိုက်ထားပေမယ့်လည်း အချိတ်အဆက်မိမိ နဲ့ ဇာတ်လမ်းဇာတ်ကွက် ကောင်းမွန်လွန်းတာကြောင့် အခုလို မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေက တခဲနက် အားပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလောမှာလည်း ဒါရိုက်တာ ခရစ်(စ)တီးနားခီ ဖန်တီးပုံဖော်ထားတဲ့ သူမရဲ့ ဒုတိယမြောက် အနုပညာ ခြေလှမ်းဖြစ်တဲ့  “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း  စင်ကာပူနိုင်ငံ အဆင့်မြင့်ရုပ်ရှင်ရုံကြီးမှာ ရုံတင်ပြသနေပြီး ယခင်က ပြသခွင့်ရက်ကို ၃ ရက်သာ သတ်မှတ်ထားပေမယ့် စင်ကာပူနိုင်ငံမှာ ရှိတဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့် နောက်ထပ် ပွဲချိန် ထပ်တိုးပြသခွင့်တွေလည်း ရှိနေခဲ့ပါတယ်။

ယနေ့ ဧပြီလ ၅ ရက်နေ့ ညနေ ၆:၃၀ မှာတော့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ထားကြတဲ့ အနုပညာရှင်တွေဟာ ပရိသတ်တွေနဲ့ အတူ နွေးနွေးထွေးထွေး တွေ့ဆုံဖို့ Fun Meeting တစ်ခုကို ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ရှိ City Mall St.John (Outdoor Area) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ထူးခြားတဲ့ အစီအစဉ်တွေ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနား ကျင်းပပြုလုပ်မယ့် အကြောင်းကိုတော့ “မုဒြာရဲ့ခေါ်သံ” Official Page မှာ ရေးသားဖော်ပြထားတာဖြစ်ပြီး အဆိုပါ ဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်ဇဏ်ခီကလည်း Fun Meeting နဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံကနေ အမီပြန်လာမယ့် အကြောင်းကို အခုလို သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

“Fan meeting အမီပြန်လာခဲ့တော့မယ်.. Coming home soon! “ လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ ခရစ်(စ)တီးနားခီကလည်း “Coming back home! Goodbye and thank you all” လို့ သူမရဲ့ လူမကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
 
The Laides News
 

Vote: 
No votes yet

Add new comment