မြန်မာနိုင်ငံရှိ မိသားစုများ၏ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာတိုးတက်လာစေရန် နှင့် သွားပိုးပေါက် ကင်းစင်သော အနာဂတ်ဖန်တီးနိုင်ရန် ဆစ်ဂနယ်မှ FDI ၊ MDA တို့နှင့်ပူးပေါင်းပြီး ကမ္ဘာ့သွားနှင့်ခံတွင်း ကျန်းမာရေးနေ့ကို ကျင်းပ

FDI ၏ တစ်ခုတည်းသော အသိအမှတ်ပြု သွားတိုက်ဆေးဖြစ်သည့် ဆစ်ဂနယ်မှ နှစ်စဉ်ကျင်းပလေ့ရှိသော ကမ္ဘာ့သွားနှင့်ခံတွင်း ကျန်းမာရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းနှင့်အတူ ရန်ကုန်မြို့ရှိ Novotel Hotel တွင် မတ်လ ၂၀ ရက် နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန် အသင်းနှင့် ဆစ်ဂနယ် သွားတိုက်ဆေးတို့ ထပ်မံပူးပေါင်း၍ သွားနှင့်ခံတွင်း ကျန်းမာရေး၏ အရေးကြီးပုံ နှင့် မြန်မာနိုင်ငံရှိ ကလေးငယ်များအတွက် ကောင်းမွန်သော သွားကျန်းမာရေး စောင့်ရှောက်မှုဖြင့် သွားပိုးပေါက်ကင်းစင်သော အနာဂတ် ဖန်တီးနိုင်ရန်အတွက် တိုက်တွန်း လှုံ့ဆော်ခြင်းများလည်း ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ ဒေါက်တာသိန်းကြူနှင့် ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ မြင့်ထိန်တို့မှ “သွားကျန်းမာရေးကို ဂရုစိုက်ပေးခြင်းက သွားတွေကို ကြာရှည်ခိုင်ခံ့အောင်နှင့် သွားတွေရဲ့ လုပ်ဆောင်ချက်ကို ထိန်သိမ်းပေးထားနိုင်ပါတယ်။ လေ့လာမှုများအရ ကျေးလက်ဒေသရှိ ၉၀%နှုန်းသော ကလေးငယ်များမှာ သွားကျန်းမာရေး အလေ့အကျင့်များ နည်းပါးနေကြောင်းကို တွေ့ရှိရပါတယ်။ ကလေးငယ်များကို ခံတွင်းနှင့် ပတ်သက်သည့် အလေ့အကျင့်တွေ သင်ကြားပေးခြင်းဖြင့် အရွယ်ရောက်သည့်အထိ ကျန်းမာသန်စွမ်းတဲ့ သွားများရရှိနိုင်မှာ ဖြစ်ပါတယ်။ သွားပိုးစားရောဂါသည် နိုင်ငံတစ်ဝှမ်းနှင့် မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ပြဿနာတွေ ဖြစ်တဲ့ အလျောက် ဖလိုရိုက်ဒ်နှင့် ကယ်လဆီယမ် ပါတဲ့ သွားတိုက်ဆေးနှင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးခြင်းက
ထိုပြဿနာတွေကို ကာကွယ်ဖို့ အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

The Ladies News
 

Vote: 
No votes yet

Add new comment