အူရီဒူးရဲ့ဝန်ဆောင်မှုကို ပေးနေတဲ့ Star Mobile (မန္တလေး) မှ M-ပိုက်ဆံ ကိုယ်စားလှယ်ရဲ့ စကားသံ

မန္တလေးက အူရီဒူးရဲ့ M-ပိုက်ဆံဝန်ဆောင်မှုကို ပေးနေသလို M-ပိုက်ဆံရဲ့ ငွေသားကံစမ်းမဲမှာ ကံထူးခဲ့တဲ့ Star Mobile ဆိုင်က M-ပိုက်ဆံကိုယ်စားလှယ်က M-ပိုက်ဆံဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို အော်ရီဒူးသို့ ပြောကြားခဲ့ကြောင်း သိရသည်။

"Star Mobile က ပုံမှန် ဟန်းဆက်တွေ၊ ဟန်းဆက်နဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ၊ ငွေဖြည့်ကတ်၊ ဆင်းကတ် စတာတွေကို ပုံမှန်ရောင်းချပေးနေတဲ့ လုပ်ငန်း တစ်ခုပါဖြစ်ပါတယ်။ တစ်ရက်မှာ အူရီဒူးရုံးကလာပြီး M-ပိုက်ဆံ ကိုယ်စားလှယ် ယူမလားဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ M-ပိုက်ဆံ ကိုယ်စားလှယ်တစ်ဦး ရရှိမယ့် အခွင့်အလမ်းတွေကိုလဲ ပြောပြခဲ့တယ်။ အဲဒါနဲ့ M-ပိုက်ဆံ ကိုယ်စားလှယ်လုပ်ရင် ကိုယ်တင်မကဘူး ပတ်ဝန်းကျင်ကိုရော ဘယ်လို အကျိုးရှိအောင် လုပ်ပေးနိုင်မလဲဆိုပြီး အနားပတ်ဝန်းကျင်ကို လေ့လာဖြစ်ခဲ့တယ်။ အဲဒီနောက်မှ M-ပိုက်ဆံဝန်ဆောင်မှုကို ပေးတဲ့ ကိုယ်စားလှယ်အနေနဲ့ Star Mobile က လုပ်ပေးတယ်ဆိုရင် ကိုယ့်အတွက်တင်မကဘဲ ပတ်ဝန်းကျင်က လူတွကိုလည်း ကူညီပေးနိုင်မှာ ဖြစ်တာကြောင့် M-ပိုက်ဆံ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင် ဖြစ်ခဲ့တယ်။ M-ပိုက်ဆံ ကိုယ်စားလှယ် ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်မိုဘိုင်းဆိုင်ကို လာတဲ့သူတွေကို M-ပိုက်ဆံရဲ့ ၀န်ဆောင်မှုကို အသုံးပြုရင် ရရှိမယ့် အကျိုးကျေးဇူးတွေကို ရှင်းပြပေးခဲ့တယ်။ နောက်ပြီး ကျွန်မတို့ဆိုင်ကနေ ပေးနေတဲ့ လွယ်ကူမြန်ဆန်စွာ ငွေလွှဲနိုင်တဲ့ ၀န်ဆောင်မှုအတွက် M-ပိုက်ဆံ အကောင့်ဖွင့်ချင်တဲ့သူတွေကို M-ပိုက်ဆံ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်ပေးပြီး မှတ်ပုံတင်ပြီး စာရင်းဖွင့်ပေးဖို့ ကူညီပေးတယ်။ အခုလို ငွေလွှဲ၊ ငွေထုတ်တဲ့ ၀န်ဆောင်မှုတွေကို M-ပိုက်ဆံ စာရင်းသွင်း ရယူထားသူတွေအတွက် သာမကဘဲ ဖုန်းအသုံးပြုသူ တိုင်းအတွက် ၀န်ဆောင်မှုပေးပါတယ်။ စိတ်ချလုံခြုံစွာနဲ့ မိနစ်အနည်းငယ် အတွင်းမှာတင် ငွေလွှဲနိုင်ပါတယ်။ Star Mobile ဆိုင်က M-ပိုက်ဆံကိုယ်စားလှယ် ဖြစ်တာကြောင့် အနီးအနားမှာရှိတဲ့ လူတွေ ကျွန်မတို့ဆီကို လာပြီး မန္တလေးမြို့တွင်းအပြင် တကောင်း၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ပြင်ဦးလွင် စတဲ့ဒေသတွေကိုလဲ ငွေလွှဲကြပါတယ်။ အများစုကတော့ လကုန်ခါနီးမှာ ငွေလွှဲကြတာကို တွေ့ရပါတယ်။ အခုလို လွယ်လွယ်ကူကူ လုံခြုံစိတ်ချစွာနဲ့ M-ပိုက်ဆံ ၀န်ဆောင်မှုကနေတဆင့် ငွေလွဲ၊ ငွေထုတ်နိုင်တာဟာ နယ်ကနေ မြို့ပေါ်မှာအလုပ် လာရောက် လုပ်ကိုင်နေတဲ့ သူတွေအနေနဲ့ နယ်က မိသားစုတွေဆီ ငွေပေးဖို့ဖို့အတွက် အဆင်ပြေစေတယ်။ နောက်ပြီး နယ်ကနေ မြို့ပေါ်မှာ ကျောင်းလာတက်နေတဲ့ သားသမီးတွေဆီကိုလည်း မိဘဆွေမျိုးတွေက ကျောင်းလခတွေ၊ နေစရိတ် စားစရိတ်တွေ လွှဲပေးကြတာလည်း ရှိပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူအားလုံးနဲ့ M-ပိုက်ဆံကိုယ်စားလျယ်တွေ ပါဝင်ကံထူးနိုင်တဲ့ ငွေသားကံထူးနိုင်တဲ့ အစီအစဉ်ကို M-ပိုက်ဆံက ပြုလုပ်ပေးထားပါတယ်။ M-ပိုက်ဆံ ကိုယ်စားလှယ်တွေ ဆီကနေတဆင့် အခြားမိုဘိုင်းဖုန်း အသုံးပြုသူ တစ်ယောက်ယောက်ထံ ငွေလွှဲပေးမယ်ဆိုရင် အပတ်စဉ် ငွေသားကံထူးခွင့်ရမှာပါ။ တပတ်ကို ကံထူးရှင် အယောက် ၅၀ တောင် M-ပိုက်ဆံက ရွေးချယ်ပေးတာပါ။
ငွေလာလွှဲသူ အယောက် ၅၀ နဲ့ ကိုယ်စားလှယ် အယောက် ၅၀ ဟာ ကံထူးနိုင်ပါတယ်။ Star Mobile ဆိုင်ကနေ တဆင့် ငွေလွှဲကြတဲ့အတွက် M-ပိုက်ဆံ ကိုယ်စားလှယ်တွေကြားထဲမှာ ကံထူးရှင်ဖြစ်လာခဲ့လို့ ၀မ်းသာဂုဏ်ယူ ရပါတယ်။ အခု ကံစမ်းမဲအစီအစဉ်ဟာ ဧပြီလမှာ ပြီးဆုံးမှာဖြစ်တာကြောင့် နောက်ထပ်လည်း ကံထူးနိုင်ခွင့် ရှိနေသေးပါတယ်။ ကျွန်မတို့လည်း ကံထူးရှင်ဖြစ်နိုင်သလို ကျွန်မတို့ ဆိုင်မှာ လာပြီး ငွေလွှဲတဲ့သူတွေ ထဲကလည်း ကံထူးရှင် ဖြစ်နိုင်ပါတယ်။ Star Mobile အနေနဲ့ M-ပိုက်ဆံရဲ့ ငွေသားကံစမ်းမဲအစီအစဉ်မှာ ကံထူးရှင်ဖြစ်တယ် ဆိုတဲ့အကြောင်း ပေးပို့အကြောင်းကြားတဲ့ SMS ကို ရရှိခဲ့အခါမှာ တကယ်ကို အံ့သြ၀မ်းသာရပါတယ်။ ကံထူးခဲ့တဲ့ ငွေကိုတော့ M-ပိုက်ဆံ အကောင့်ထဲကို တိုက်ရိုက်လွှဲပေးတယ်။ အခုလို ကံထူးရှင်ဖြစ်ဖို့အတွက် မြန်မာ တစ်နိုင်ငံမှာရှိတဲ့ M-ပိုက်ဆံ ကိုယ်စားလှယ်ပေါင်း ၆,၀၀၀ ဆီကိုသွားပြီး အပတ်စဉ်ဆု ကျပ် ၅၀,၀၀၀ ကို ကံထူးနိုင်ပါတယ်" ဟု M ပိုက်ဆံ နဲ့ ပတ်သက်ပြီး သူမ၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။

The Ladies News
 

Vote: 
Average: 5 (1 vote)

Add new comment