စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ် အင်ဂျင်ပြသ၁နာကြောင့် မန္တလေးလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရ

ဒါကာလေဆိပ်မှ စင်ကာပူလေဆိပ်သို့ ခရီးသည့် ၁၉၀ ကျော် တင်ဆောင်လာသည့် စင်ကာပူလေကြောင်းလိုင်း (Singapore Airline-SIA) မှ Airbus A330 လေယာဉ်သည့် လေယာဉ်အင်ဂျင်ပိုင်းဆိုင်ရာ ပြသ၁နာကြောင့် ဖေဖော်ဝါရီ ၇ ရက် (ဗုဒ္ဓဟူးနေ့)က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း စင်ကာပူနိုင်ငံ သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
 
ခရီးသည် ၁၉၀ ဦးကျော် သယ်ဆောင်လာသည့် Airbus A330 သည် ၎င်း၏ပုံမှန်ခရီးစဉ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ စင်ကာပူသို့ ပျံသန်းလာစဉ် အင်ဂျင်ပိုင်းဆိုင်ရာ ပြသ၁နာကြောင့် ဖေဖော်ဝါရီ ၇ ရက်(ဗုဒ္ဓဟူးနေ့)က ဒေသခံစံတော်ချိန် မွန်းလွဲပိုင်း ၃း၃၂ နာရီဝန်းကျင်ခန့်က မန္တလေးလေဆိပ်သို့ ဆင်းသက်ခဲ့ရကြောင်း TODAYonline သတင်းတွင် ဖော်ပြထားသည်။
 
အခြေအနေနှင့်ပတ်သက်ပြီး SIA တာဝန်ရှိသူများက အင်ဂျင်နီယာများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စများ စစ်ဆေးရန် လိုအပ်သည့်အတွက် လေကြောင်းလိုင်းက လေယာဉ်တစ်စီးအား စင်ကာပူစံတော်ချိန် ည ၁၀း၂၁ နာရီဝန်းကျင်ခန့်က မန္တလေးလေဆိပ်သို့ အစားထိုး စေလွှတ်ခဲ့သည်။ အဆိုပါလေယာဉ်သည့် မန္တလေးလေဆိပ်သို့ ရောက်ရှိကာ ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ တင်ဆောင်ပြီး စင်ကာနိုင်ငံသို့ စင်ကာပူစံတော်ချိန် ၆း၀၅ နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်းနှင့် လေယာဉ်ပေါ် လိုက်ပါစီးနင်းသည့် ခရီးသည်များအနေဖြင့် သတ်မှတ်ထားသည့် အချိန်ထက် ၁၁ နာရီ နောက်ကျပြီးမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။
 
Ref:Engine failure forces SIA plane bound for Singapore to divert to Mandalay (TODAYonline),SIA flight forced to land in Myanmar(The Straits Time)
ဓာတ်ပုံ- The Straits Time
The Ladies News
 

 

Vote: 
No votes yet

Add new comment