အသက် ၂၀ အရွယ်တုန်းကလို ကောင်းကောင်းမစွမ်းဆောင်နိုင်တော့ဘူးလို့ ရိုနယ်လ်ဒို ၀န်ခံပြောကြား

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ စီရိုနယ်လ်ဒိုက သူဟာ ထိပ်တန်းကစားသမား တစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားဖို့ ရှိပေမယ့် လွန်ခဲ့တဲ့ အသက် ၂၀ အရွယ်တုန်းကလို စွမ်းဆောင်မှုမျိုးတွေ ကိုတော့ မလုပ်ပြနိုင်တော့ဘူးလို့ ၀န်ခံပြောကြားလိုက်ပါတယ်။ ယခုနှစ်ရာသီဟာ ၄င်းအတွက် အဆိုးရွားဆုံး ရာသီဖြစ်ခဲ့ရပြီး ယခင်နှစ်တွေကလောက် မစွမ်းဆောင်နိုင်တော့ပေမယ့် ၄င်းကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် နှစ်ပေါင်းများစွာကြာအောင် ပြိုင်ပွဲဝင်သွားဖို့ ယုံကြည်နေဆဲပဲ ဖြစ်ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၈ ရာသီအတွင်း ၂၄၈ ပွဲပါဝင်ကစားပေးထားပြီး ၂၈၅ ဂိုး သွင်းယူပေးထား နိုင်ခဲ့ပေမယ့် ယခုနှစ်ရာသီ လာလီဂါမှာတော့ ၁၇ ပွဲကစားထားရာမှာ ၇ ဂိုးသာ သွင်းယူထားနိုင်တာလည်း ဖြစ်ပါတယ်။ ၄င်းဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အသင်းအတွက် ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၂ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းကိုလည်း ယူရိုဖလားကြီးကို ကိုင်မြှောက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးချင်းဆုတံဆိပ်ဖြစ်တဲ့ ရွှေဘောလုံးဆုကိုလည်း ၂ ကြိမ်ဆက်တိုက် ဆွတ်ခူးရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
 
စီရိုနယ်လ်ဒိုက ၄င်းရဲ့ကာယပိုင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ၀န်းကျင် အရွယ်ကလောက် မကောင်တော့ကြောင်းနဲ့ အဲ့အချိန်တုန်းကလို စွမ်းဆောင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အကြောင်းကို အခုလို ပွင့်လင်းစွာဝန်ခံထားပါတယ်။
 
"ကျွန်တော်အခု လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက လုပ်ပြခဲ့တာတွေ သိပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့အရာတွေက ကျွန်တော့် ကျန်းမာရေးအတွက် စွန့်စားရတဲ့ အရာတွေရှိနေလို့ပါ။ သေချာတာတစ်ခုကတော့ ကျွန်တော် အသက် ၂၀ အရွယ်တုန်းက မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့သလိုမျိုးတော့ စွမ်းဆောင်နိုင်တော့မှာ မဟုတ်ပါဘူး" လို့ ၀န်ခံပြောကြားခဲ့ပါတယ်။
 
Ref: Daily Mail
The ladies News
 

 

Vote: 
No votes yet

Add new comment