မသင်္ကာဖွယ် လူ ၆ ဦးတွေ့ရှိသဖြင့် ရွာသားများ ၀ိုင်းဝန်းဖမ်းဆီးရာ ငါးဦးလွတ်မြောက်၊ တစ်ဦးသေဆုံး

မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာအုပ်စု ပြင်ဖြူကျေးရွာ မြောက်ဘက် ရွာအဝင်ရေကန်အနီး၌ မသင်္ကာဖွယ် လူ ၆ ဦး တွေ့ရှိသဖြင့် ရွာသားများ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၅ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဖမ်းဆီးရမိသူ တစ်ဦးအား ဆေးရုံတင်ပို့ကုသခဲ့ရာ သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာအုပ်စု ပြင်ဖြူကျေးရွာ မြောက်ဘက် ရွာအဝင်ရေကန်အနီး၌ မသင်္ကာဖွယ် လူ ၆ ဦး တွေ့ရှိသဖြင့် ပေါင်းဇားကျေးရွာအုပ်စု တာဝန်ခံ ဖွေဇီအာလောင် ဦးစီး ဘင်္ဂါလီရွာသား ၃၀ ဦးခန့်မှ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ၅ ဦးမှာ ထွက်ပြေးသွားပြီး ဇာဖော့၊ (၃၄)နှစ်၊ ဘင်္ဂါလီ/အစ္စလာမ် ရွာသစ်ကျေးရွာ၊ ကျောက်လှေကား ကျေးရွာအုပ်စု၊ မောင်တောမြို့နယ် အိမ်ထောင်စု(စိစစ်ဆဲ)အား ဖမ်းဆီးရမိ၍ ပြင်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက် အပ်နှံခဲ့သည်။
 
ရွာသားများမှ ဝိုင်းဝန်းဖမ်းဆီးစဉ် ဇာဖော့တွင် ဝဲချိုစောင်း/ ယာမျက်လုံးအောက် ကွဲရှ၊ ယာတံတောင်ပွန်းဒဏ်ရာများ ရရှိခဲ့သဖြင့် ၂၃၃၀ အချိန်တွင် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက်က သေဆုံးသွားကြောင်းနှင့် ဖြစ်စဉ်အား ဥပဒေအရ အရေးယူရန် စီစဉ်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment