၂၀၀၆ ကမ္ဘာ့ဖလားမှာ အနီကတ်ပြခံရပြီးနောက် စီရိုနယ်လ်ဒိုကို ဘာတွေပြောဆိုခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ၀ိန်းရွန်းနီ

မန်ချစ်စတာ ယူနိုက်တက်အသင်းကြီးရဲ့ တိုက်စစ်ကစားသမားဟောင်း ၀ိန်းရွန်းနီက ၂၀၀၆ ကမ္ဘာ့ဖလား ပေါ်တူဂီနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်အပြီးမှာ စီရိုနယ်လ်ဒိုကို သူ ဘာတွေ ပြောကြားလိုက်တယ် ဆိုတာကို နောက်ဆုံးမှာတော့ ထုတ်ဖော်ပြောကြား လိုက်ပါပြီ။ အဆိုပါပွဲစဉ်ဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲဖြစ်ပြီး အင်္ဂလန်အသင်းဟာ ပေါ်တူဂီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲအတွက် အဓိက ပြောစရာဖြစ်ခဲ့တာကတော့ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရွန်းနီ နဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်လ်ဒိုတို့ ၂ ဦးပဲ ဖြစ်ပါတယ်။
 
ဝိန်းရွန်းနီဟာ ပေါ်တူဂီနောက်ခံလူ ရီကာဒိုကာဗယ်ဟိုကို တက်နင်းမိခဲ့ပြီး ပွဲမှ အထုတ်ပယ်မခံရခင်မှာ စီရိုနယ်လ်ဒိုက ၀ိန်းရွန်းနီ ပြိုင်ပွဲမှထွက်ခွာဖို့ ဒိုင်လူကြီးကို အပြင်းအထန် စောဒကတက် ဖိအားပေးခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူး ထုတ်ပယ်ခံရပြီးတဲ့ အချိန်မှာလည်း စီရိုနယ်လ်ဒိုဟာ ၄င်းရဲ့ ကစားသမားတွေရှိတဲ့ အရန်ခုံတန်းဘက်ကို မျက်နှာမူပြီး မျက်လုံးတစ်ဖက် မှိတ်ပြခဲ့ပါသေးတယ်။ မီဒီယာတွေကတော့ ရော်နယ်လ်ဒိုဟာ ရွန်းနီ အနီကဒ်ပြခံပြီး ပြိုင်ပွဲမှ ထွက်ခွာသွားရလို့ ပျော်ရွှင်နေတယ်လို့ ရေးသာဖော်ပြခဲ့ကြပြီး လူတော်တော်များများကတော့ အဆိုပါ ပေါ်တူဂီစတားရဲ့ အနာဂတ်ဟာ ယူနိုက်တက်မှာသာ ကုန်ဆုံးတော့မှာ ဖြစ်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ သို့သော်လည်း စီရိုနယ်လ်ဒိုဟာ ယူနိုက်တက်မှာ နောက်ထပ် ၃ ရာသီကြာသာ ဆက်နေသွားခဲ့ပြီး ယူနိုက်တက် အတွက် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
 
အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရွန်းနီကတော့ အဆိုပါပွဲစဉ်ပြီးတဲ့ နောက်မှာ ပေါ်တူဂီစတားကို ဘာတွေပြောကြားထားလဲ ဆိုတာကို Sky Sport က စီစဉ်တင်ဆက်တဲ့ Monday Night အစီအစဉ်မှာ အခုလို ပြောကြားခဲ့ပါတယ်။
 
"ဒီပွဲပြီးတဲ့နောက်မှာ ကျွန်တော် သူ့ရဲ့ အ၀တ်လဲခန်းကိုသွားပြီး သူ့ကို စကားသွားပြောခဲ့ပါတယ်။ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ မီဒီယာတွေကတော့ ငါတို့ဖြစ်တဲ့ ကိစ္စကို ပုံကြီးချဲ့ပြီး ငါတို့ကို ဘယ်တော့မှ ပြန်တွဲမကစားတော့ဘူးလို့ ထင်သွားကြပြီ ထင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းစိတ်မပူပါနဲ့ မင်းနေရာမှာ ငါသာဆိုလည်း အခုလိုမျိုး လုပ်မိမှာပဲလို့ သူ့ကို ပြောခဲ့တာပါ။ ကျွန်တော်လည်း သူ့ကို ဟန်ဆောင်လှဲချမှုအတွက် အ၀ါကဒ် ပြသခံရအောင် ကြိုးစားခဲ့ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်ပါ။ ဒါပေမယ့် သူက အဲ့ဒီပွဲမှာ ကျွန်တော့်ရဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်သွားပြီလေ။ တကယ်လို့ သူသာ ကျွန်တော်တို့ဘက်ကို အနီကဒ်ပြသ ခံလောက်ရတဲ့အထိ ပြစ်ဒဏ်ကြူးလွန်ခဲ့ရင် ကျွန်တော်လည်း သူ့လိုပဲ လုပ်ဆောင်သွားမှာပါ" လို့ ၀ိန်းရွန်းနီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
 
Ref: Daily Mail
The Ladies News
 

 

Vote: 
Average: 3 (3 votes)

Add new comment