အခွန်တိမ်းရှောင်မှုကြောင့် ထောင်ဒဏ် ၁၆ လ ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ အလက်စစ်ဆန်းချက်စ်

မန်ချက်စတာ ယူနိုက်တက်အသင်းကို မကြာသေးမီကမှ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ လာတဲ့ တိုက်စစ်မှူးဆန်းချက်စ် ဟာ စပိန်နိုင်ငံမှာ ထောင်ဒဏ် ၁၆ လပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
 
၎င်းဟာ စပိန်ကလပ် ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က ၄င်းရဲ့ ပုံရိပ် အသုံးပြုခ၀င်ငွေတွေကို တရားဝင်ကြေညာဖို့ ပျက်ကွက်ခဲ့ပြီး အခွန်ငွေ ယူရို ပေါင် ၉ သိန်းကို ပေးချေဖို့ ပျက်ကွက်ခဲ့တာကြောင့် အခုလို စပိန်နိုင်ငံရဲ့ ပစ်ဒဏ် ချမှတ်ခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ စပိန်သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ဆန်းချက်စ်ဟာ တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်အတိုင်း လိုက်နာဖို့ သဘောတူညီခဲ့တယ်လို့ သိရပြီး ပေးချေရမယ့် အခွန်ပမာဏတွေကိုလည်း အတိုးနဲ့ ပြန်လည်ပေးချေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
စပိန်နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ပထမဆုံးကျသင့်တဲ့ ပြစ်ဒဏ်ဟာ ထောင်ဒဏ် ၂ နှစ်ထက် နည်းပါးခဲ့ပါက ထောင်ပြစ်ဒဏ်ကျခံစရာ မလိုတာကြောင့် ဆန်းချက်စ်ရဲ့ ထောင်ဒဏ်ဟာ စိုးရိမ်စရာမရှိဘူးလို့ သိရပြီး ထိုသို့ အလားတူ ပြစ်ဒဏ်မျိုးကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဆုတွေကို ဆွတ်ခူးထားနိုင်တဲ့ မက်ဆီ၊ စီရိုနယ်လ်ဒို တို့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းကြီးရဲ့ နည်းပြကြီးမော်ရင်ဟို တို့လည်း ရင်ဆိုင်ခဲ့ရဖူးတယ်လို့ သိရပါတယ်။
 
Ref: Mail Online
The ladies News
 

 

Vote: 
No votes yet

Add new comment