မြိတ်မြို့ရှိ နှလုံးရောဂါဝေဒနာရှင်များအား အိန္ဒိယနိုင်ငံမှ နှလုံးအထူးကု ဆရာဝန်ကြီးက အခမဲ့စမ်းသပ်ကုသပေးမည်

မြိတ်မြို့ရှိ နှလုံးရောဂါ ဝေဒနာရှင်များအား အိန္ဒိယနိုင်ငံမှ နှလုံးအထူးကု ဆရာဝန်ကြီးက အခမဲ့စမ်းသပ်ကုသပေးမှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံရှိ နှလုံးရောဂါဝေဒနာရှင်များအား တစ်ဖက်တစ်လှမ်းမှ ကူညီနိုင်ရန်အတွက် ၀ိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောဌာနမှ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် အိန္ဒိယနိုင်ငံမှ နှလုံးအထူးကု ဆရာဝန်ကြီး Dr.C.Raghu နှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ၊ ကန်ဖျား မြေနီလမ်းရှိ ဒက္ခိဏဒီ ပါဆေးရုံ၌ မြိတ်မြို့ရှိ နှလုံးရောဂါဝေဒနာရှင် များအား အခမဲ့ စမ်းသပ်ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ အခမဲ့စမ်းသပ်ကုသရာတွင် သွေးတွင်းသကြားဓာတ် စစ်ဆေးပေးခြင်း၊ ECG ရိုက်ပေးခြင်း ၊ Echo (နှလုံးတယ်လီဗေးရှင်း) ဖြင့် ရောဂါရှာဖွေခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သော ဆေးဝါး ၂ ပတ်စာကိုလည်း အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ စမ်းသပ်ကုသမှု ခံယူလိုသူများအနေဖြင့် အဆိုပါ ဒက္ခိဏဒီပါဆေးရုံသို့ လာရောက် စာရင်းသွင်းနိုင်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment