ကွန်တီရဲ့နေရာကို အစားထိုးဖို့ ဘာစီလိုနာနည်းပြဟောင်း အန်းန်နရစ် နဲ့ သဘောတူညီမှုရရှိပြီဖြစ်

ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီး တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာ ၄င်းတို့ရဲ့ လက်ရှိ နည်းပြကြီး ကွန်တီနေရာမှာ အစားထိုးဖို့အတွက် ယခင် စပိန်ကလပ် ဘာစီလိုနာအသင်းရဲ့နည်းပြဟောင်း လူးဝစ်အန်နရစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ စပိန်သတင်းစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။
 
ချဲလ်ဆီးနည်းပြကြီး ကွန်တီဟာ လက်ရှိမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ၂၀၁၈ ခုနှစ်ကို စတင်ကူးပြောင်းခဲ့ချိန်ကစပြီး
ယခုဖေဖော်ဝါရီလအထိ ပရီးမီးယားလိဂ် နိုင်ပွဲတစ်ပွဲသာ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၄င်းဟာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့စဉ်ကတည်းက ပရိသတ်တွေဟာ ၄င်းကို ဖယ်ရှားပစ်ဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာဖြစ်ပြီး ၀က်ဖို့ဒ်အသင်းကို ၄-၁ ဖြင့် ထပ်မံရှုံးနိမ်ခဲ့ပြီးတဲ့ နောက်မှာတော့
၎င်းရဲ့ ချဲလ်ဆီးနည်းပြရာထူးဟာ ပိုမို လှုပ်ခတ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ အသင်းရဲ့ အောင်မြင်မှု အတွက် နည်းပြတွေကို မကြာခဏပြောင်းလဲလေ့ရှိတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်ဟာ ၄င်းရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာ နည်းပြဟောင်း အန်းန်နရစ်နဲ့ သဘောတူညီခဲ့ပြီဖြစ်ကာ ၂၀၂၀ ခုနှစ် နွေရာသီအထိ ကိုင်တွယ်ဖို့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
နည်းပြဟောင်း လူးဝစ် အန်းန်ရစ်ဟာ ရိုးမား၊ ဆယ်လ်တာဗီဂို အသင်းအပြင် ဘာစီလိုနာ အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ဘာစီလိုနာမှာ ၄င်းကိုင်တွယ်ခဲ့စဉ်က အသင်းအတွက် လာလီဂါ၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပ စူပါဖလား၊ ကိုပါဒယ်ရေးနဲ့ စပိန်စးပါဖလားတွေကို ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဆိုပါ နည်းပြဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး ယခုလက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။ စပိန်အခြေစိုက် သတင်းစာ Sport ကတော့ အန်းနရစ်ဟာ ချဲလ်ဆီးအသင်းကို တရားဝင် ကိုင်တွယ်တော့မှာ ဖြစ်ကြောင်းကို ယခုတစ်ပတ် ပွဲစဉ်တွေ မကစားမီမှာ ကြေညာသွားဖို့ ရှိနေတယ်လို့ သိရပြီး လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ လန်ဒန်ကလပ်ကို စတင်ကိုင်တွယ်ဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
 
လူးဝစ်အန်းနရစ်ဟာ ယခုတစ်ပတ်အတွင်း ချဲလ်ဆီးအသင်းရဲ့ တရားဝင်နည်းပြတစ်ဦး ဖြစ်လာပါက အခက်ခဲဆုံး စမ်းသပ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းဟောင်း ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်မှာ ဆုံတွေ့မှာဖြစ်သလို မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီးအသင်းတို့နဲ့ လည်း ယခုဖေဖော်ဝါရီလအတွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
 
Ref: Daily Mail
The ladies News
 

 

Vote: 
No votes yet

Add new comment