နေအိမ်ပေါ်သို့ နှစ် ၁၀၀ ခန့် သက်တမ်းရှိ ညောင်ပင်လဲကျမှုကြောင့် လေးဦးဒဏ်ရာရ၊ သုံးဦးသေဆုံးခဲ့ရ

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ နေအိမ်ပေါ်သို့ နှစ် ၁၀၀ ခန့်သက်တမ်းရှိ ညောင်ပင်လဲကျမှုကြောင့် လေးဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ သုံးဦးရှိကြောင်း အဆိုပါ အပင်လဲကျသည့်နေရာသို့ သွားရောက် ကူညီပေးခဲ့ကြသည့် မီးသတ်ဦးစီးဌာနက သတင်းဖော်ပြထားသည်။
 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပသုတ်ကျေးရွာ၊ ရွာလယ်ပိုင်းလမ်းဘေး ဘုန်းတော်ကြီးကျောင်းတောင်စောင်းရှိ နှစ် ၁၀၀ ခန့်၊ လုံးပတ် ၄၀ ပေ၊ အမြင့် ၈၀ ပေခန့်ရှိ ညောင်ပင်ကြီးမှာ အပင်အောက်ခြေဆွေးမြေ့၍ လဲကျခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ညောင်ပင်မှာ လမ်း၏ တစ်ဖက်ရှိ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်ပေါ်သို့ လဲကျမှုခဲ့ပြီး ကျွန်းစုမြို့နယ် မီးသတ်စခန်းမှ သန္ဓေ (၆)ဦး၊ အရန် (၂၅)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း၊ အပင်လဲကျမှုကြောင့် နေအိမ်ပေါ်ရှိ ကျား (၃)ဦး၊ မ(၄) ဦး၊ ပေါင်း(၇)ဦး အနက် ကျား(၁)ဦး၊ မ(၃)ဦး၊ ပေါင်း(၄)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) နှင့် ကျား(၂)ဦး၊ မ(၁)ဦး၊ ပေါင်း(၃)ဦး (သေဆုံး)သူတို့အား ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment