KIA ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း တစ်လုံးတွေ့ရှိ၊ တိုက်မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ ၇ ရက်နေ့က KIA အကြမ်းဖက် သောင်းကြမ်းသူတို့ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း တစ်လုံးကို သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အဆိုပါ အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
 
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်းတုံကျေးရွာအနီး၌ မိုင်းတစ်လုံးတွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် သွားရောက်ရှင်းလင်း ခဲ့ရာ ၎င်းကျေးရွာအနီးရှိ မန္တလေး- ဗန်းမော်သွား ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ်၊ (၁၆၅)နေရာအနီး၌ အမြင့် ၁ဝ လက်မ၊ အနံ ၇ လက်မ ပတ်လည်ရှိ ဒေသန္တရ လက်လုပ်ရီမုမိုင်း တစ်လုံးအားတွေ့ရှိသဖြင့် ခရီးသွားပြည်သူများ အန္တရာယ်မရှိစေရေး အတွက် သက်မဲ့ပြုလုပ်နိုင် ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
 
ယင်းအပြင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာအနီး မိုင်ခွန်ပယင်းမှော်တွင် ပယင်းတူးဖော်ခြင်းလုပ်ကိုင် လျက်ရှိသည့် ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်နေ ဦးဝဒမ်းခေါင်ဒီးဆာရ်(ဘ) ဦးဝဒမ်းခေါင်ဒီးသည် ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းတွင် မိုင်ခွန်ပယင်းမှော်၌ ပယင်းတူးဖော်ရန် ထွက်ခွာလာစဉ် ၎င်းမှော်၏ တောင်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး တနိုင်းပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment