စီရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ကမ္ဘာ့အကောင်းဆုံးနေရာကို အစားထိုးနိုင်မယ့် ကစားသမား ၂ ဦးကို ဇာဗီထုတ်ဖော်ပြောကြား

ဘာစီလိုနာအသင်းရဲ့ ဂန္တ၀င်ကစားသမားကြီး ဇာဗီယာဟာနန်ဒက်ဇ်က ခရစ်စတီယာနိုရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ အကျပိုင်း ရောက်ရှိလာတဲ့အခါ ၄င်းတို့ရဲ့နေရာကို အနာဂတ်မှာ အစားဝင်ရောက် လာနိုင်တဲ့ ကစား သမား ၂ ဦးကို အင်တာဗျူး တစ်ခုမှာ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။ လက်ရှိ ကာတာကလပ် အယ်ဆတ်အသင်းမှာ ကစားလျက်ရှိတဲ့ စပိန် ကွင်းလယ်လူဟောင်း ဇာဗီဟာ အာဂျင်တီးနားကြယ်ပွင့် ကစားသမား မက်ဆီနဲ့ အတူ ဘာစီလိုနာ အသင်းမှာ ၁၀ ရာသီကြာအတူ တွဲဖက် ကစားခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်စတား စီရိုနယ်လ်ဒိုနဲ့ လည်း လိဂ်တစ်ခု တည်းမှာ ၆ ရာသီကြာ ရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ၄င်းဟာ ဘာစီလိုနာ အသင်းမှာ ၁၇ ရာသီကြာကစားခဲ့ကာ လာလီဂါဖလား ၈ ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံးသမိုင်းမှာလည်း အကောင်းဆုံး ကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။
 
အဆိုပါ ကစားသမားဟောင်းဟာ နူးကမ့်မှ မထွက်ခွာမီမှာလည်း ယခုလက်ရှိ ပီအက်စ်ဂျီအသင်းမှာ အဓိက တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြကစားနေတဲ့ နေမာနဲ့လည်း ၂ ရာသီကြာ တွဲဖက်ကစားဖူးပြီး ဘရာဇီးလက်ရွေးစင်ဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ၄င်းကို အနာဂတ်အတွက် များစွာ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။
 
နေမာနဲ့ ပတ်သက်ပြီး ဇာဗီက "ကျွန်တော် နေမာကို ကြီးမားတဲ့ လေးစားမှု ထားရှိပါတယ်။ သူက အရမ်းကို အရည်အသွေးမြင့်ပြီး ထူးချွန်ထက်မြတ်လွန်းတဲ့ ကစားသမားတစ်ဦးပါ။ စီရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ အကျပိုင်း ရောက်တဲ့အခါမှာ Ballon d'Or ဆုဟာ သူ့အတွက်ပဲဖြစ်နေမှာပါ" လို့ ပြောကြားထားပါတယ်။
 
ဆက်လက်ပြီး ဇာဗီက အနာဂတ်မှာ နေမာနဲ့အပြိုင် ကမ္ဘာ့အကောင်းဆုံးနေရာကို ရောက်လာမယ့်ကစားသမားဟာ ပီအက်စ်ဂျီအသင်းမှ ၄င်းရဲ့အသင်းဖော် အမ်ဘက်ပီ ဖြစ်တယ်လို့ ပြောကြားခြဲ့ပီး စီရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ အကျပိုင်း ရောက်သွားတဲ့အခါမှာ ကမ္ဘာ့အကောင်းဆုံး နေရာအတွက် ငြင်းခုန်မှုတွေဟာ အဆိုပါကစားသမား ၂ ဦးကြာမှာသာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။
 
Ref: Mirror
The Ladies News
 

 

Vote: 
No votes yet

Add new comment