တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim တို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မလက္ကာရေလက်ကြား ပင်လယ်ပြင် လုံခြုံရေးတို့ဆွေးနွေး

စင်ကာပူသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim တို့သည် Ministry of Defence Chalet ၊ Changi Exhibition Centre ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မလက္ကာ ရေလက်ကြား ပင်လယ်ပြင် လုံခြုံရေးနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား စစ်သင်္ဘောများ အပြန်အလှန်လည် ပတ်ရေး၊ စစ်ဘက်ဆေးပညာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သတင်းထုတ်ပြန်များအရ သိရသည်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့က Changi Exhibition Centre ၌ကျင်းပသည့် စင်ကာပူလေကြောင်းပြပွဲ၌ ခင်းကျင်းပြသ ထားသည့် တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များကို လည်းကောင်း၊ လေယာဉ်ပျံသန်းမှုပြသခြင်းကို လည်းကောင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
 
စင်ကာပူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ စင်ကာပူ လေကြောင်းပြပွဲ (Singapore Airshow 2018) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက စင်ကာပူ နိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment