အမိမြေကို ပြန်လည်ရောက်ရှိချင်း ဦးတိုက်ခဲ့တဲ့ ရဲမင်းပိုင်

ဖိုက်တင်ဇာတ်ကားတွေကို သဘာဝကျကျ ရိုက်ကူးပုံဖော်နိုင်တဲ့ ဖိုက်တင်မင်းသားကြီး ရဲမင်းပိုင်ဟာ မြန်မာပြည်နဲ့ ၁၄ နှစ်တာ ဝေးကွာခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး လာရောက်ကြိုဆိုသူများ
မီဒီယာများဖြင့် စည်ကားလျက်ရှိခဲ့ပါတယ်။
 
ရဲမင်းပိုင်ဟာ သူနှစ်ပေါင်း ၁၄ နှစ်ကြာအောင် ခြေမချခဲ့ရတဲ့ အမိမြေကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခြင်း ဖြစ်တာကြောင့် ၀မ်းနည်းဝမ်းသာ ဖြစ်နေခဲ့ပြီး သူ့ရဲ့မျက်ဝန်းမှာလည်း ခံစားချက်အချို့ ရှိနေခဲ့တာကိုတွေ့ရပါတယ်။ လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက်မှာလည်း လေဆိပ် လူသွားလမ်းစင်္ကြန်ပေါ်မှာ ဒူးထောက်ထိုင်ခဲ့ပြီး အမိမြန်မာပြည်ကို ဦးတိုက်တဲ့အနေနဲ့ တမန်သလင်းနဲ့ ခေါင်းနဲ့ထိအောင် ဦးချခဲ့တာကိုလည်း တွေ့ရပါတယ်။
 
သူ့ရဲ့ဘေးမှာတော့ ယခင်က သူနဲ့အတူ ရုပ်ရှင်တွဲရိုက်ဖူးတဲ့ လူကြမ်းအချို့ ၀န်းရံလျက်ရှိနေကြပါတယ်။ သူဟာ မြန်မာပြည်ကို ၁၄ နှစ်ကြာမှ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်တာကြောင့် ပထမဦးဆုံး ရွှေတိဂုံစေတီတော်ကြီးကို သွားရောက် ဖူးမြော်ခဲ့တယ်လို့လည်း သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုကျော်က မြန်မာပြည်မှ ထွက်ခွာသွားခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ၊ အင်ဒီးယားပြည်နယ် ဖော့ဝိုင်မှာ မိသားစုနဲ့အတူ နေထိုင်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကဲ.. ရဲမင်းပိုင်ကိုချစ်တဲ့ ပရိသတ်ကြီးရော.. သူ့ရဲ့ ဖိုက်တင်ဇာတ်ကားတွေကို လွမ်းနေကြတယ် မဟုတ်လား ????
 
The ladies News

 

Vote: 
Average: 4 (2 votes)

Add new comment