ရုံတင်ဝင်ငွေ အများဆုံးရနေတဲ့ အမီရာခန်းရဲ့ အိန္ဒိယဇာတ်ကား

မကြာသေးမီက တရုတ်နိုင်ငံမှာ ဖြန့်ချိခဲ့တဲ့ ဘောလိဝုဒ် စူပါစတား အမီရာခန်း ပါဝင်သရုပ်ဆောင်ထားတဲ့ Secret Superstar ရုပ်ရှင် ဇာတ်ကားဟာ တရုတ်နိုင်ငံရဲ့ ရုံတင်ဝင်ငွေ အများဆုံးဇာတ်ကားစာရင်း ထိပ်ဆုံးတွင် ရပ်တည်နေတယ်လို့ သိရပါတယ်။
 
အမီရာခန်းဟာ အဆိုပါရုပ်ရှင်ဇာတ်ကားကို တရုတ်နိုင်ငံတွင် ဇန်န၀ါရီလ ၁၉ ရက်နေ့က စတင်ဖြန့်ချိ ခဲ့တာဖြစ်ပြီး ၄င်းဖြန့်ချိပြီး ပထမ ၅ ရက်မှာပဲ ရုံတင်ဝင်ငွေ ယွမ် သန်း ၂၅၀ ခန့်ရရှိကာ ရုံတင်ဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားဟာ မိနစ် ၁၅၀ ခန့် ကြာမြင့်တယ်လို့ သိရပြီး ယခင် ဇာတ်ကားများထက် ကြည့်ရှုချိန် ပိုမိုကြာမြင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့တာလည်း ဖြစ်ပါတယ်။
 
ယင်းဇာတ်ကားဟာ ဘောလိဝုဒ်စူပါစတား အမီရာခန်း တရုတ်နိုင်ငံအတွင်း ဖြန့်ချီတဲ့ ၄ ကားမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင် ဇာတ်ကားဟာ အဆိုတော်ဖြစ်ချင်သော မိန်းကလေးတစ်ဦး၏ ဘ၀ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး စူပါစတား အမီရာခန်းက အဆိုပါ မိန်းကလေးကို လက်တွဲခေါ်ယူ မြေတောင်မြှောက်ပေးတဲ့ ပေါ့ပ်ဂီတပညာရှင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို အိန္ဒိယနိုင်ငံတွင် ယမန်နှစ် အောက်တိုဘာ ၁၉ ရက်ကတည်းက ပြသခဲ့တယ်လို့ သိရပြီး တရုတ်ရုပ်ရှင်ဈေးကွက်ကို ဖြန့်ချိခဲ့ပြီးနောက် ရုံတင်ဝင်ငွေအများဆုံး ရရှိတဲ့ ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့သလို ကမ္ဘာတစ်ဝှမ်း ဒုတိယ၀င်ငွေ အများဆုံး ဘောလိဝုဒ် ရုပ်ရှင်ဇာတ်ကားအဖြစ်လည်း ရပ်တည်လျက် ရှိတယ်လို့ သိရပါတယ်။
 
Ref: China Daily
The ladies News
 

 

Vote: 
No votes yet

Add new comment