Myanmar Cyber Security Challenge 2018 ပြိုင်ပွဲ ကျင်းပပြုလုပ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်တဲ့ Myanamr Cyber Security Challenge 2018 ပြိုင်ပွဲအခမ်းအနားကို ယနေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ တွင် ရန်ကုန်မြို့ MICT Park (conference Hall) တွင် ကျင်းပပြုလုပ် နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါပြိုင်ပွဲတွင် ၃ ယောက်တစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သည့် အဖွဲ့ပေါင်း ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ပြိုင်ပွဲဝင် ဖြိုးဝင်းရှိန် ဦဆောင်တဲ့ အဖွဲ့ ဖြစ်တဲ့ (Team- TripletP) အဖွဲ့က ပထမနေရာမှာ ရပ်တည်နေနိုင်တယ်လို့ သိရပြီး ၄င်းတို့ နောက်မှာတော့ Mdy-L33ts အဖွဲ့က ဒုတိယနေရာမှာ
ရပ်တည်နေကာ Team SSL အဖွဲ့ကတော့ တတိယနေရာမှာ အသီးသီးရပ်တည်နေကြတယ်လို့ သိရပါတယ်။
 
အဆိုပါပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ လူငယ်လူရွယ်များ Cyber Security ပိုင်းဆိုင်ရာ အသိအမြင်များနှင့် ကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာစေဖို့ ဖြစ်တယ်လို့ သိရပြီး ပါဝင်ယှဉ်ပြိုင်သူများ အနေဖြင့် များစွာသော အကျိုးကျေးဇူးများကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတစ်ဝှမ်းတွင် Cyber Crime များနှင့် ပတ်သက်ပြီး ခြိမ်းခြောက်မှုများ များပြားလာနေသည့်အတွက် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များ အနေဖြင့်လည်း Cyber Security ၏ အရေးပါမှုကို သိရှိလာခြင်း၊ လူငယ်လူရွယ်များ၏ Information Security နှင့် Cyber Security ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ Cyber Attack များနှင့် ပတ်သက်ပြီး ကာကွယ်နိုင်မည့် နည်းလမ်းများ သိရှိတိုးတက် လာစေခြင်း၊ နိုင်ငံတကာ၏ စံသတ်မှတ်ချက်နှင့် အညီ ထုတ်ထားသော Problem Set များကို ဖြေဆိုရခြင်းဖြင့် အတွေ့အကြုံကောင်းများ ရရှိစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေအပြင် အခြားသော Cyber Security နဲ့ ပတ်သက်တဲ့ ဗဟုသုတများစွာကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။
 
အဆိုပါပြိုင်ပွဲအတွက် ဆုများကိုတော့ ပထမ၊ ဒုတိယ၊ တတိယ (၃) ဆုသတ်မှတ်ထားပြီး ပထမဆု ကိုတော့ ငွေကျပ် ၁၀ သိန်း ၊ ဒုတိယဆု ငွေကျပ် ၇ သိန်း၊ တတိယဆု ငွေကျပ် ၅ သိန်း အသီးသီးချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ Team TripletP က ပထမနေရာမှာ ဦးဆောင်နေပြီး လက်ကျန်မိနစ်တွေမှာ ဘယ်အသင်းက ဦးဆောင်နိုင်မလဲ၊ TripletP ကပဲ ပွဲပြီးတဲ့အထိ ထိပ်ဆုံးမှာ ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment