STI Myanmar University က ဖေဖော်ဝါရီ ၂၀၁၈ စာသင်နှစ်အတွက် ပညာသင်ဆုများချီးမြှင့်

ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ရန် STI Myanmar University သည် ပညာသင်ဆု လျှောက် ထားသော မြန်မာနိုင်ငံတစ်ဝန်းရှိ ထူချွန်ကျောင်းသား/ သူများထဲမှ (ဖေဖော်ဝါရီလ ၂၀၁၈ နှစ် စာသင်နှစ် အတွက်) ဆု ရရှိသူများအား ထုတ်ပြန်ကြေညာ ထားသည်။ ယင်းပညာသင်ဆုများမှာ University of Bedfordshire (UK) မှချီးမြှင့်သည့် မဟာဘွဲ့များဖြစ်သော MBA ၊ MSc( Public Health) နှင့် MA Applies Linguistics (TEF) မဟာဘွဲ့များ အတွက် ဖြစ်ပါသည်။
 
ပညာသင်ဆု လျှောက်ထားသူများထဲမှ ရခိုင်ဒေသ အပါအ၀င် ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သောနေရာများတွင် ပြန်လည် အလုပ်အကျွေး ပြုလိုသော စိတ်အားထက်သန်မူရှိခြင်း၊ မိမိသင်ကြားလိုသော သက် ဆိုင်ရာ ဘာသာရပ်တွင်လည်း စိတ်ဝင်စားမူရှိခြင်း၊ လူမှုပတ်ဝန်း ကျင်ကို အကျိုးပြုချင်သော စိတ်ဓာတ်ရှိပြီး တာဝန်ယူနိုင်မူ အပြည့်ရှိ၍ တိုင်းပြည် အတွက် အားကိုးနိုင်သော လူငယ်များဖြစ်ခြင်း၊ အကြမ်းဖက်လှုပ်ရှားမူ များတွင် ပါဝင်ပတ်သက်မူမရှိခြင်း၊ ကိုယ့်ကျင့်စာရိတ္တ ကောင်းမွန်ခြင်း စသည့် အချက်အလက်များကို အဓိကထား၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
 
ပညာသင်ဆုများအတွက် ပညာရေး ကျန်းမာရေးနှင့် စီးပွားရေးနယ်ပယ် များတွင် အောင်မြင်ထင်ရှားသူများ ပါဝင်သည့် ရွေးချယ်ရေး ကော်မတီ တစ်ခုကို ဖွဲ့စည်းထားကြောင်း သိရသည်။ ထိုကော်မတီတွင် ထင်ရှား သော စီးပွားရေးပညာရှင်ဖြစ်သော မြန်မာ့အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း အပါအ၀င် အဖွဲ့အစည်းများ ၊ စီးပွားရေးလုပ်ငန်းများ၏ အတိုင်ပင်ခံ ၊ စီးပွားရေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်လှမြင့်၊ ဆေးပညာပါမောက္ခ (အငြိမ်းစား) ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့ (Myanmar Academy of Medical Science ) ၏ ဥက္ကဋ္ဌ ပါမောက္ခဆရာကြီး ဒေါက်တာနေ၀င်း၊ ရန်ကုန် နည်းပညာတက္ကသိုလ် ၊ ဗိသုကာပညာဌာန၏ အငြိမ်းစား ပါမောက္ခ ၊ STI Myanmar University အင်ဂျင်နီယာဌာန၏ ဌာနမှူး ပါမောက္ခဆရာကြီး ဦးပါစီမျိုးမြင့်၊ နည်းပညာနယ်ပယ်တွင် ထင်ရှားသော စွန့်ဦးတီထွင်သူ ၊ Information Matrix Co., Ltd ၏ CEO ၊ 7Days News ၊ 7Days Digital Journal ၊ Internet Journal ၊ Myanmar People Magazine တို့၏ ထုတ်ဝေသူ ၊ Myanmar Computer Professional Association ၏ ဥက္ကဋ္ဌ ၊ UMFCCI ၏ အလုပ်အမူဆောင် အဖွဲ့ဝင် ဦးသောင်းစုငြိမ်းတို့ ပါဝင်ကြောင်း သိရသည်။
 
အဆိုပါ ကော်မတီမှ ၁၄.၀၁.၂၀၁၈ တွင် နှုတ်ဖြေလူတွေ့စစ်ဆေးခဲ့ပြီး အောက်ပါပုဂ္ဂိုလ်များအား အသီးသီး ပညာသင်ဆုများ ချီးမြှင့်လိုက်ကြောင်း သိရသည်။
 
ပညာသင်ဆုရရှိသူများမှာ -
 
၁။ ဦးသိန်းလှိုင် ၊ ၇/ပမန (နိုင်) ၀၇၁၈၄၁ ၊ နတ္တလင်းမြို့၊ MSc ( Public Health) 100 %
၂။ မလဲ့ယဉ်ဝင်း ၊ ၅/ဆလက (နိုင်) ၀၆၅၉၈၃ ၊ ဆားလင်းကြီးမြို့ MBA (General) 100 %
၃။ မအေးမြတ်မိုးဦး ၊ ၁၄/ပတန (နိုင်) ၀၁၀၀၂၁ ၊ ရန်ကုန်မြို့ MBA (General) 30 %
၎။ မောင်ထက်အောင်ကျော် ၊ ၉/မဟမ (နိုင်) ၀၃၃၉၀၄ ၊ မန္တလေးမြို့ MBA ( General ) 25 %
၅။ Ms.Abishave ၊ ၄/ ဟခန (နိုင်) ၀၄၂၄၄၀ ၊ ဟားခါးမြို့ ၊ MA Applied Linguistics ( TEFL) 30%
 
တို့ဖြစ်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment