MFF Futsal Open Cup 2018 သို့ ပါဝင်ယှဉ်ပြိုင်လိုသည့်အသင်းများ စာရင်းပေးသွင်းနိုင်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MFF Futsal Open Cup 2018 (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ် ဖလား ၂၀၁၈) ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ကျင်းပမည် ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင် လိုသည့် အသင်းများအနေဖြင့် ဇန်န၀ါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်သည်။
 
ထို့အတူ လာရောက် စာရင်းပေးသွင်းသည့် အသင်းအရေအတွက်ပေါ် မူတည်၍ ပြိုင်ပွဲကျင်းပမည့်ပုံစံကို ထပ်မံဖော်ပြ ပေးသွားမည်ဖြစ်ပြီး MFF Futsal Open Cup 2018 ပြိုင်ပွဲသို့ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အသင်းများ ပါဝင်ယှဉ်ပြိုင်လိုပါက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်အနေဖြင့် တည်းခိုရန် နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
MFF Futsal Open Cup 2018 ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဦးကြည်မင်းသိန်း (အမှုဆောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဖုန်း - 09250650952 နှင့် ဦးအောင်မော်သိန်း ဖုန်း -095019347 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment