Screen Display အောက်မှာ လက်ဗွေစနစ်ပါဝင်တဲ့ ပထမဦးဆုံး စမတ်ဖုန်းကို Vivo ကြေညာ

နာမည်ကျော် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo ဟာ ၄င်းတို့ရဲ့ ထပ်မံထွက်ရှိလာမယ့် စမတ်ဖုန်းအသစ်ရဲ့ မူကြမ်းကို CES ၂၀၁၈ ပြပွဲမှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး စမတ်ဖုန်းရဲ့ နာမည် ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ ယခုရက်ပိုင်းအတွင်းက တရုတ်နာမည်ကြီး ၀က်ဘ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ TENAA ဟာ Vivo က ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်တဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပြသခဲ့ပြီး အဆိုပါဖုန်းကိုတော့ Vivo X20 PLus UD လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။
 
ယခုထွက်ရှိလာမယ့် အဆိုပါဖုန်းဟာ မနှစ်ကထွက်ရှိထားတဲ့ Vivo X20 Plus နဲ့ တူသယောင်ရှိတယ်လို့ သိရပြီး လက်ဗွေဖတ် စနစ်ကိုတော့ အရှေ့ဘက် Screen Display အောက်မှာ ပြောင်းလဲ ထည့်သွင်း ထားတယ်လို့ သိရပါတယ်။ အဆိုပါစမတ်ဖုန်းဟာ ဈေးကွက်မှာ ပထမဦးဆုံး Display အောက်မှာ လက်ဗွေစနစ်ပါရှိတဲ့ စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။ အဆိုပါ Vivo X20 Plus UD စမတ်ဖုန်းဟာ 6.43″ AMOLED Display နဲ့ Snapdragon 660 CPU ၊ RAM 6GB ၊ ROM 64 GB နဲ့ 12 MP Dual Back Camera အပြင် Front Camera ကလည်း 5MP ပါဝင်လာမယ်လို့ သိရပါတယ်။
 
ယခင်က Vivo X20 Plus ဖုန်းမှာ Fingerprint ကို အနောက်မှာ ထည့်သွင်းခဲ့ပေမယ့် အခု X20 PLus UD Version မှာတော့ Display အောက်ကို ပြောင်းလဲ ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။ အဆိုပါ Vivo X20 Plus UD စမတ်ဖုန်းတွေဟာ ဈေးနှုန်းအနည်းငယ်မြင့်ပြီး ဈေးကွက်ထဲကို ၀င်ရောက်လာမှာ ဖြစ်တယ်လို့ သိရပြီး ယခင် ထွက်ရှိခဲ့တဲ့ Vivo X20 Plus စမတ်ဖုန်းထက် ဒေါ်လာ ၇၀ လောက် ပိုများလာလိမ့်မယ်လို့ သိရပါတယ်။
 
The ladies News
Ref: Tech2
 

 

Vote: 
No votes yet

Add new comment