သတင်းမီဒီယာသမားများအား ဖမ်းဆီးထိန်းသိမ်းမူ များကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အောင်မြင်ရေးအတွက် အဟန့်အတား ဖြစ်စေမည်ကို မြင်သည့်အတွက် ပါဝင်တောင်းဆိုရခြင်း ဖြစ်ကြောင်း အမေရိကန်သံအမတ်ပြော

ရိုက်တာ သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခြင်းကဲ့သို့ သတင်းမီဒီယာ သမားများအား ဖမ်းဆီး ထိန်းသိမ်းမူများကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အောင်မြင်ရေးအတွက် အဟန့်အတား ဖြစ်စေမည်ကို မြင်သည့်အတွက် ပါဝင်တောင်းဆိုရခြင်း ဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီး စကော့မာစီရာယ်က ပြောသည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ် ၁၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာသတင်းပညာ သိပ္ပံကျောင်းတွင် ပြုလုပ်သည့် သတင်းအတတ်ပညာ ကျောင်းသားနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရာယ်တို့ မြန်မာ့နိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ပြောသွားခြင်းဖြစ်သည်။
 
စကော့မာစီရယ်လ်က "သတင်းသမားတွေ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရဖို့ဆိုတာ ဒီမိုကရေစီရဲ့ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ အဖမ်းခံရမှာကို ကြောက်လို့ သော်လည်းကောင်း၊ အခြားတစ်ခုကို ကြောက်လို့ သော်လည်းကောင်း သတင်းမဖော်ပြဘူးဆိုရင် အမေရိကန်ပြည်သူတွေဟာ ဘယ်တော့မှ သတင်းအမှန်ကို သိရမှာမဟုတ်ပါဘူး” ဟု ပြောသည်။
 
အမေရိကန်နိုင်ငံတွင် အစိုးရဝန်ထမ်း တစ်ဦးအနေဖြင့် အစိုးရမှလျို့ဝှက်ထားသည့် သတင်းအချက်အလက် တစ်ခုအား အခြားတစ်စုံတစ်ဦးအား ပေးခြင်းသည် ဥပဒေနှင့် မညီညွတ်သော်လည်း သတင်းမီဒီယာသမား တစ်ဦးအနေဖြင့် ၎င်းသတင်းအချက်အလက်ပေါ် ဖော်ထုတ်ရေးသား ပိုင်ခွင့်ရှိကြောင်း ပြောသည်။
 
အမေရိကန်သံအမတ်ကြီး စကော့မာစီရာယ်က "ဒါကြောင့် ကျနော်တို့ အမြင်အရ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာက မီဒီယာသမားများ ရယူခွင့်ရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ အစိုးရက ဖုံးကွယ်ထားရင်တောင်မှ သတင်းသမားက သူရဲ့ သတင်း ရယူပိုင်ခွင့်ကို ကာကွယ်ပေးနိုင်စွမ်းရှိတာက ဒီမိုကရေစီရဲ့အနှစ်သာရ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ထိန်းသိမ်းခံရတဲ့ ရိုက်တာက သတင်းသမား နှစ်ယောက်အကြောင်း ပြောတာက သူတို့ တစ်ဦးချင်းစီအတွက် စိုးရိမ်ပူပန်တာ ပါသလိုပဲ။ တဖက်မှာလည်း ဒီလိုထိန်းသိမ်းမူတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အောင်မြင်ရေးအတွက် အဟန့်အတား ဖြစ်စေနိုင်တာကို မြင်တဲ့အတွက် ပါဝင်တောင်းဆိုရတာ ဖြစ်တယ်” ဟု ပြောသည်။
 
အမေရိကန်နိုင်ငံအနေဖြင့် လွန်ခဲ့သည့် အတိတ်ကာလဖြစ်သည့် ဗီယက်နမ် စစ်ပွဲကာလတွင် သတင်း လွတ်လပ်ခွင့်အား ပိတ်ပင်မည့် အခြေအနေတစ်ခု ကြုံတွေ့ခဲ့ရကြောင်း သို့သော်လည်း အမေရိကန် တရားရုံးအဆင့်ဆင့်မှ အဆိုပါကိစ္စ ပယ်ချခဲ့သည့်အတွက် ၎င်းအခြေအနေ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောသည်။
 
အမေရိကန်သံရုံးအနေဖြင့် ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရမူနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ခြင်းများ ရှိခဲ့သည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment