Myanmar Idol Season 3 ကိုကြည့်ကြဖို့ အဆင်သင့်ဖြစ်ပြီလား ????

MNTV Entertainment က စီစဉ်တင်ဆက်တဲ့ အစီစဉ်တစ်ခုဖြစ်တဲ့ မြန်မာတစ်နိုင်ငံလုံးက စိတ်လIပ်ရှားရင်ခုန်စွာ မျှော်လင့်စောင့်စားနေMကတဲ့ Myanmar Idol Season (3) သီချင်းဆို ပြိုင်ပွဲ မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ MELIA ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အဆိုပြိုင်ပွဲကြီး ဟာ မြန်မာနိုင်ငံတွင် သာမက ပြည်ပနိုင်ငံများမှာ သွားရောက် အသက်မွေးဝမ်းကျောင်း ပြုနေသူတွေအပြင် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များကပါ နှစ်သက်အားပေးကြတဲ့ ကြည့်ရှုသူ ပရိသတ်တွေကြား အအောင်မြင်ဆုံး အဆိုပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။
 
ဒီပြိုင်ပွဲဟာ အသံပါရမီကောင်းတဲ့ အနယ်နယ်အရပ်ရပ်မှ ရွက်ပုန်းသီး အဆိုရှင်လေးတွေကို နိုင်ငံကျော် အဆိုတော်တစ်ဦး ဖြစ်လာပြီး ဂီတလမ်းပေါ် ဆက်လက်လျှောက်လှမ်း နိုင်စေဖို့ တစ်ဖက်တစ်လှမ်းက မြေတောင်မြှောက်ပေးနေတဲ့ အစီအစဉ်လေး တစ်ခုဆိုရင်လည်း မမှားပါဘူး။ Myanmar Idol သီချင်းဆို ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့ပြီး Season 1 ရဲ့ Winner အဖြစ် စောလားထော်ဝါး နဲ့ Season 2 Winner အဖြစ် သားငယ်တို့က ရရှိထားတာ ဖြစ်ပါတယ်။
 
ယခု Season 3 မှာလည်း ဘယ်လို အဆိုကောင်းတဲ့ ပြိုင်ပွဲဝင်သူတွေက ပရိသတ်တွေကို ဘယ်လို စိတ်လှုပ်ရှားဖွယ် ရသတွေ ပေးစွမ်းနိုင်မလဲ ဆိုတာကိုတော့ ရင်ခုန်စွာ စောင့်ကြည့်ကြရတော့မှာပါ။ အဆိုပါ ပြိုင်ပွဲအတွက် လူရွေးချယ်ပွဲများ ကိုတော့ ယခုလ ဇန်န၀ါရီလမှ စတင်ပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မကွေး၊ တောင်ကြီး စတဲ့ အဓိကမြို့ကြီး ၅ မြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပြီး ပြိုင်ပွဲအစီအစဉ်များ ကိုတော့ ဧပြီလမှာ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အနိုင်ရရှိသူများအတွက် ဆုများအနေနဲ့ Myanmar Idol Season 3 Winner ရရှိသူကို ငွေကျပ် သိန်း (၅၀၀) နဲ့ တစ်ကိုယ်တော် တေးစီးရီးအယ်လ်ဘမ် ခွေကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါပွဲရဲ့ စီစဉ်တင်ဆက်သူ (Host) အဖြစ် ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ Season 2 ရဲ့ စီစဉ်တင်ဆက်သူ အဖြစ် ဆောင်ရွက်ခဲ့တယ် ကျော်ထက်အောင်က တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment