လောက်ကိုင်မြို့နယ်၊ ဟဲဟော်ကျေးရွာမှ ရွာသားတချို့ လက်နက် ငယ်များဖြင့် ပစ်ခတ်ခံရကာ တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

လောက်ကိုင်မြို့နယ် ဟဲဟော်ကျေးရွာမှ ရွာသူရွာသားအချို့ ဇန်န၀ါရီ ၁၀ ရက်က င်္သချိုင်း ကန်တော့နေစဉ် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရပြီး ရွာသားတစ်ဦး သေဆုံးခဲ့ကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
လောက်ကိုင်မြို့နယ် ၊ ဟဲဟော် ကျေးရွာမှ ရွာသူ/သား ၂၀ ဦးခန့်သည် ဆီအောသင်္ချိုင်း၌ သင်္ချိုင်းကန်တော့နေစဉ် သောင်းကျန်းသူ အဖွဲ့(စိစစ်ဆဲ)က တောစပ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ တုန်ကွမ်ဖူ၊ (၃၉)နှစ်တွင် ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ လူချောက်ချန်၊ (၂၉)နှစ်ပါ ၅ဦး(ကျား ၄၊ မ၁) တို့တွင် ကျည်ထိမှန် ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး လီရှောက်ဝမ်၊ (၅၉)နှစ်တွင် ဝမ်းဗိုက်ကျည် ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
 
ယင်းသို့ သေဆုံး/ဒဏ်ရာ ရရှိသူများအား လောက်ကိုင်မြို့ရှိ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ အခင်းဖြစ်ရပ် အနီးတစ်ဝိုက်တွင် ဒကစ(လောက်ကိုင်) လက်အောက်ခံတပ်ျားမှ နယ်မြေရှင်းလင်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment