အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၌ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေပွဲကို ယခုလအတွင်း ကျင်းပမည်

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အထူးအစီအစဉ်အဖြစ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ယိမ်းအကများ၊ တေးသံသာ များ၊ ပဒေသာယိမ်းအကများ၊ ဟာသတစ်ခန်းရပ်များဖြင့် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
အဆိုပါဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၁၀ နာရီမှ နေ့ ၃ နာရီအထိ ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။
 
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ဖျော်ဖြေပွဲသို့ မည်သူမဆို အခမဲ့ ၀င်ရောက်ကြည့် ရှုနိုင်ကြောင်း သိရသည်။
 
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)ကို ပြည်ထောင်စုတစ်ဝန်း စုစည်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာဓလေ့ထုံးစံ နှင့်အညီ နေထိုင်စားသောက်ကြပုံများ၊ ဖွံ့ဖြိုး တိုးတက်မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ထင်ရှား ကျော်ကြားသော စေတီပုထိုး အထိမ်းအမှတ် နေရာများ၊ သဘာဝရှုခင်းများ၊ မြေယာ ရှုခင်းအလှအပ များဖြင့် ပုံဖော်၍ တစ်နေရာတည်းတွင် တစ်စု တစ်ဝေးတည်း ကြည့်ရှုလေ့လာ အနားယူ အပန်းဖြေနိုင်ရန် တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment