မုံရွာမြို့နယ် တရားရုံးအချုပ်ခန်းမှ ထွက်ပြေးသူ ခုနစ်ဦးအနက် လေးဦးပြန်လည်ဖမ်းမိ

မုံရွာမြို့နယ် တရားရုံးအချုပ်ခန်းမှ ထွက်ပြေးခဲ့သူ ခုနစ်ဦးအနက် လေးဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ကျန်သုံးဦးကို ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၅၅၅ အချိန် မုံရွာမြို့နယ်၊ တရားရုံး အချုပ်ခန်း၌ ချုပ်နှောင်ထားရှိသည့် ရုံးထုတ်အချုပ်တရားခံ ၅၆ဦး(ကျား ၅၅၊ မ ၁)တို့အနက်မှ ရုံးစစ်တရားခံ ကျော်စွာထွန်း၊ (၁၈)နှစ်ပါ ကျား ၇ ဦးသည် အချုပ်ခန်း အနောက်တောင် ဘက်ရှိ အမိုး သစ်သားတိုင်များအား ချိုးဖျက်ပြီး ထွက်ပြေးလွတ်မြောက် ခဲ့ရာ ၁၆၁၀ အချိန်မှ ၁၆၂၀ အချိန်ထိ ထွက်ပြေး တရားခံ ၇ဦးအနက်မှ ကျော်စွာထွန်းပါ ၃ ဦးအား ရုံးကြီးရပ်ကွက်အတွင်းမှ ပြန်လည်ဖမ်းဆီး ရမိခဲ့သည်။
 
ယင်းနောက်၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ၂၂၀၀ အချိန် ကျန်ရှိထွက်ပြေးတရားခံ ၄ ဦးအနက်မှ တရားခံ နောင်ရဲ၊ (၂၉)နှစ်အား မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ၄င်း၏ ယောက္ခမနေအိမ်မှ ပြန်လည် ဖမ်းဆီးရမိခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး ကျန်ရှိတရားခံ တိုးနိုင်(၄၃)နှစ်၊ ဇော်မင်းနိုင်(ခ)ဇော်ကြီး (၂၈)နှစ် နှင့် အောင်ပြည့်စုံဟိန်း(၂၀)နှစ်ပါ ၃ ဦးတို့အား ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment