YPS (Yangon Payment Services) တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ညှိနှိုင်းမှု တစ်စုံတစ်ရာ အဆင်မပြေ ပျက်ပြယ်ခြင်းများရှိက ကျန်ဆန်ခါတင်ကုမ္ပဏီနှစ်ခုမှ ထပ်မံစိစစ်ရွေးချယ်သွားမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က YPS (Yangon Payment Services) အတွက် တင်ဒါအောင်မြင်သူမှာ (RFP-013A)Excel KC Myanmar Co.,LTD ဖြစ်ကြောင်း ဇန်န၀ါရီ ၁၀ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က YPS (Yangon Payment Services) အတွက် တင်ဒါခေါ်ယူရာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် က အဆိုပြုလွှာ ဆန်ခါတင်ရွေးချယ်ခံ ရသည့် ကုမ္ပဏီများ စာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
 
တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီနှင့် စာချုပ်စာတန်း ညှိနှိုင်းမှုအတွင်း အကြောင်း တစ်စုံတစ်ရာကြောင့် အဆင်မပြေခြင်းများ ပျက်ပြယ်ခြင်း ရှိပါက ကျန်ရှိသည့် ဆန်ခါတင်ကုမ္ပဏီ ၂ ခုအနက်တစ်ခုကို ထပ်မံစိစစ် ရွေးချယ်ပြီး ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment