အောင်မြင်သည့် နိုင်ငံရေး ဆွေးပွဲများမှတစ်ဆင့် နောက်ထပ် NCA လက်မှတ်ထိုးမည့် အဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်ရေး အားပေးရမှာ ဖြစ်သည်ဟု KNU ဥက္ကဋ္ဌပြောကြား

အောင်မြင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် နောက်ထပ် NCA တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်ရေးကို အားပေးဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
 
ဒီဇင်ဘာလ ၁၄ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပနေသော NCA တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ပင်လုံ တတိယအကြိမ် အစည်းအဝေး ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးတွင် PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားခဲ့ခြင်းဖြစ် သည်။
 
`လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ရှုမြင်သုံးသပ်မှု မတူညီကြတဲ့ အခြေကနေ NCA လက်မှတ်ထိုးသူ မထိုးသူတွေရယ်လို့ အခုလို အနေအထားမှာ အားလုံး လက်ခံနိုင်တဲ့ လက်ခံပြီဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေကို ဦးစွာ ဆွေးနွေးရယူဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ မှန်ကန်ပြီးမျှတတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အခင်းအကျင်းတွေနဲ့ အောင်မြင်တဲ့ ဆွေးနွေးမှုရလဒ်တွေဟာ နောက်ထပ် NCA လက်မှတ်ရေးထိုးမဲ့ အဖွဲ့အစည်းတွေ ထပ်မံပေါ်ပေါက်လာရေးကို အားပေရမှာ ဖြစ်ပါတယ်´ ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
 
ဆွေးနွေးမည့် အကြောင်းအရာများကို ပြင်ဆင်ရမည့်အပိုင်းတွင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ဖေါ်ညွန်းသည့် အခြေခံမူမျာ လက်တွေ့ကာလနှင့် အနာဂတ်ကာလတွင် ပြုပြင်ရန် လိုအပ်သည့် အကြောင်းအရာများကို တင်ပြရန် လိုအပ်သည်ဟု ၄င်းက ပြောကြားသည်။
 
`နိုင်ငံရေး ပြသ၁နာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးတည်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီး ပေးဆပ်မှု၊ စွန့်လွှတ်မှုပေါင်း မျိုးစုံနဲ့ ကြိုးစားခဲ့ကြရတာပါလို့ ပြောလိုပါတယ်။ ဒီလိုရလာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အခွင့်အရေးတွေကို ပြီးစလွယ် သဘောမထားကြဘဲ သေချာပြီး ခိုင်မာတဲ့ ဆွေးနွေးချက်တွေနဲ့ အားကောင်းတဲ့ ပြင်ဆင်မှုတွေကို အခြေခံပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ကို ရရှိရေး ဆွေးနွေးကြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်´ ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောကြားသည်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍကို အဓိကထားပြီး ဆွေးနွေးမည် ဖြစ်သည်။
 
Photo - NMG
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment