မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်အချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပွား

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်သည့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ အကြား ဒီဇင်ဘာ ၅ ရက်၊ ညပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု TNLA အဖွဲ့မှ ဗိုလ်မှူးတာဖုန်းကျော်က The Ladies News သို့ ပြောကြားသည်။
 
`ကျွန်တော်တို့ နှစ်ဖက်ကြားထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိပါဘူး။ ပြီးခဲ့တဲ့ ၅ ရက်နေ့ ညတုန်းကတော့ နားလည်မှု လွဲပြီးတော့ ကျွန်တော်တို့ နေတဲ့ တောင်ကုန်းဘက်ကို တစ်လုံးနှစ်လုံး လာပစ်တာရှိပါတယ်။ နောက်ပိုင်းမှာ အချင်းချင်း နာလည်မှု ပြန်လည်တည်ဆောက်ပြီး အခုငြိမ်သွားပါပြီ` ဟု ၄င်းကပြောကြားသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး The Ladies News က SSPP ၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။ ထို့အတူပင် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာဖုန်းကျော် ကလည်း ပစ်ခတ်မှုအချို့ ဖြစ်ပွားသည်ဟုသာ ပြောကြားပြီး မည်သည့် နေရာတွင် ဖြစ်ပွားခဲ့သည်ကိုတော့
အသေးစိတ် ပြောကြားခြင်း မရှိပေ။
 
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က `တစ်ယောက်နဲ့ တစ်ယောက် မှားပြီးပစ်ကြတယ်လို့ ပြောတယ်။ အခုပြန်ပြီး အဆင်ပြေသွားပြီလို့ ပြောတယ်` ဟု The Ladies News
သို့ ပြောကြားသည်။
 
မြောက်ပိုင်းမဟာ မိတ်အဖွဲ့ကို ဖွဲ့စည်း ပြီးသည့် နောက်ပိုင်းတွင် အဖွဲ့ဝင် အချင်းချင်းကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များမှ
`၀`အဖွဲ့ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၊ ရှမ်ပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ ဖြစ်ကြသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment