မိုင်းထောင်သူ TNLA အကြမ်းဖက်သောင်းကျန်းသူ တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိ အရေးယူထား

ပြည်သူလူထု သွားလာသည့် ကားလမ်းမများပေါ်တွင် မိုင်ထောင်ခဲ့သူ TNLA အကြမ်းဖက် သောင်းကျန်းသူ တပ်ဖွဲ့ဝင် နှစ်ဦးအား ဖမ်းဆီး ရမိခဲ့ကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာ၌် မသင်္ကာဖွယ်ရာ လူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက သွားရောက်ရှာဖွေခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ ကျော်ခိုင်(ခ)အိုက်မြိုင် (ဘ) ဦးတင်မြင့်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
 
၎င်းအား စစ်ဆေးမေးမြန်းချက်များအရ နမ့်ဆန်-ပန်လုံသွားကားလမ်းပေါ် ၌ မိုင်း ၁ လုံး ထောင်ထားကြောင်း ကနဦးသိရှိရပြီး သွားရောက်တူးဖော် ရာ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင် မိုင်တိုင်(၁၇)အနီး၌ ဒေသန္တရ လုပ်ရီမုမိုင်း ၁ လုံးကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။
 
ဆက်လက်မေးမြန်းချက်အရ ၎င်းသည် နမ့်ဆန်မြို့နယ်၊ မက်မန်းကျေးရွာ သားဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှစတင်၍ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ UWSA (၀)အဖွဲ့မှ လာရောက်ပို့ ဆောင်သည့် လက်နက်/ ခဲယမ်းများကို သံလွင်မြစ်အားဖြတ် ၍ ၄ ကြိမ်ခန့် သယ်ဆောင် ပေးခဲ့ကြောင်း၊ ယခုအခါ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ တာဝန်ပေးချက်အရ တပ်မတော် စစ်ကြောင်း များ၏ လှုပ်ရှားသွားလာမှု သတင်းများပေး ပို့ခြင်းနှင့် မိုင်းထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
 
ထို့နောက် ကျော်ခိုင်အား ထပ်မံစစ်ဆေးမေးမြန်းချက်များအရ မိုင်းထောင်ရာတွင် ၎င်းတို့နှင့်အတူ ပါဝင်လိုက်ပါလုပ်ဆောင်သည့် နမ့်ဆန်မြို့နယ်၊ ဟိုက်တန်ကျေးရွာနေ မိုးကျော်(ခ)အကျော်(ဘ) ဦးမောင်ကြီးအား ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများက ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ၎င်းသည် ၂၀၁၆ ခုနှစ်၊ မေလမှစတင်၍ ယခုအချိန်အထိ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံသို့ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုသတင်းများအား ၂ ရက် ၁ ကြိမ်ခန့်ဖုန်းဖြင့် သတင်းပေး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လကုန်ပိုင်း၌ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အနိုင် ဦးဆောင်သည့် အင်အား ၃ ဦးခန့်နှင့်အတူ နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာအနီးရှိ လုံတောက်လမ်းဆုံနေရာ၌ မိုင်း ၂ လုံး ထောင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းတွင်လည်း TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တိုက်နယ်မှူး အဆင့်ရှိသူ နမ့်ဆန်မြို့နယ်၊ တောင်မကျေးရွာနေ ၀င်းလှိုင်နှင့်အတူ လုံတောက်မှ မန်ကန် သွားလမ်းပေါ်၌ မိုင်း ၄ လုံးအား ထောင်ခဲ့ကြောင်း စစ်ဆေးသိရှိရပြီး တပ်မတော်စစ်ကြောင်းများက အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် မိုင်းထောင်ထားသည့်နေရာ များအား ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 
အဆိုပါ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး နမ့်ဆန်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment