ရန်ကုန်- စစ်တွေ ကားလမ်းရှိ သံတံတားအမှတ် ၇/၁၁၂ တွင် မိုင်းတွေ့ရှိ၍ ကားလမ်းယာယီပိတ်ကာ ရှင်းလင်းနေ

ရန်ကုန်- စစ်တွေ ကားလမ်းရှိ သံတံတားအမှတ် ၇/၁၁၂ တွင် မိုင်းတွေ့ရှိ၍ ကားလမ်းယာယီပိတ်ကာ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းဖော်ပြထားသည်။
 
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၇ ရက် (ယနေ့) ၀၈၀၀ အချိန်မှစ၍ မြောက်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန် - စစ်တွေကားလမ်း မိုင်တိုင်အမှတ် (၁၁၀) မှ (၁၂၃) ထိ လုံခြုံရေး ဆောင်ရွက်နေစဉ် ၁၁၀၀ အချိန်၌ မိုင်တိုင်အမှတ် (၁၁၃)နှင့် (၁၁၃ / ၁) အကြားရှိ သံတံတားအမှတ် (၇/၁၁၂) ၏ ထိပ်သံဘောင်အောက်တွင် နှစ်ပင်လိမ် (နီ/နက်) ဖြင့် ဘတ္တရီအိုးကို သွယ်တန်းထားသော မသင်္ကာဖွယ်ရာ မိုင်းဟုယူဆရသည့် ပစ္စည်းနှစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
 
ထို့အတွက်ကြောင့် ကားလမ်းအား ယာယီပိတ်ထားပြီး တပ်မတော်မှ မိုင်းရှင်လင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ သတင်းအဆက်အလက်များ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment