မင်းကင်းမြို့နယ်၌ တွေ့ရှိခဲ့သည့် လင်းယုန်ငှက်မှာ မွန်ဂိုလီးယားနိုင်ငံ၊ ဇီဝဗေဒတက္ကသိုလ်မှ သုတေသနပြုထားသည့် ငှက် ဖြစ်

မင်းကင်းမြို့နယ် သာစည်ကျေးရွာတွင် တွေ့ရှိခဲ့ရသည့် အမှတ် အသားပါရှိသည့် လင်းယုန်ဌက်သည် MONGOLIA နိုင်ငံရှိ ဇီဝဗေဒ တက္ကသိုလ် တစ်ခုတွင်ရှိသော ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ တက္ကသိုလ် ကျောင်းသားများက လင်းယုန်ငှက်၏ ပျံသန်းနိုင်နှုန်းနှင့် ရောက်ရှိသည့်နေရာအား သိရှိနိုင်ရန်အတွက် သုတေသန ပြုလုပ်သည့် သဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ မှ လင်းယုန်နှင့်ပတ်သက်၍ Wildlife Conservation Society(WCS) နေပြည်တော်ရုံးခွဲမှ National Landscape Coordinator ဖြစ်သူ ဒေါက်တာ နော်မေလေးသန့်ထံ ဆက်သွယ် မေးမြန်းချက်အရ လင်းယုန်တွင်ပါရှိသော ORNITH LAB သည် ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ ဌာနခွဲအမည် ဖြစ်ကြောင်း၊ INST-BIOL သည် ဇီဝဗေဒဆိုင်ရာ တက္ကသိုလ်ဖြစ်ကြောင်း၊ MONGOLIAသည် နိုင်ငံ အမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
လင်းယုန်ငှက် အမျိုးအစားသည် အေးသည့် ရာသီဥတုတွင် နေထိုင်ခြင်း မရှိဘဲ ပူနွေးသော ရာသီရှိသည့် ဒေသများသို့ ပြောင်းရွှေ့ နေထိုင် တတ်သည့် အလေ့အထရှိသဖြင့် MONGOLIA နိုင်ငံသည် ယခုအခါ၌ ရာသီဥတု အလွန်အေး သော အချိန်ဖြစ်နေ၍ ပူနွေးသော ရာသီရှိ သည့်ဒေသဘက်သို့ ပျံသန်းလာရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိနားခိုချိန်နှင့် တိုက်ဆိုင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
 
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ ၁၂၃၀ အချိန် သာစည်ကျေးရွာနှင့် မင်းစုကျေးရွာကြား ၌ ဆန်းဦး(၄၆)နှစ် တောင်သူ (ဘ) ဦးတင်ညိုသည် ၎င်းပိုင်ယာခင်းတွင် ထွန်ယက်စိုက်ပျိုးနေစဉ် လယ်ကွင်းအတွင်း စုပုံထားသည့် ကောက်ရိုးပုံပေါ်သို့ နားခိုနေသည့် လင်းယုန်ငှက် အထီး ၁ ကောင် အား လေးခွဖြင့် ပစ်ခတ်ခဲ့ရာ ဝဲဘက်တောင်ပံနှင့် ဦးခေါင်းဝဲဘက်အား ထိမှန်ပြီး အရှင်ဖမ်းဆီးရမိသဖြင့် နေအိမ်သို့ မွေးမြူရန် ခေါ်ဆောင်လာခဲ့သည်။
 
အဆိုပါ လင်းယုန်မှာ အမြင့် ၁ ပေခွဲ၊ တောင်ပံတစ်ဘက်လျှင် ၁ ပေခန့်ရှိပြီး ဝဲခြေထောက် ခြေကျင်းဝတ်၌ ORNITH LAB/ INST-BIOL/ MONGOLIA စသည့် စာတမ်းများ အထက်အောက် ရေးသားထားပြီး ဘေးတွင် 272 ဂဏန်း ပါရှိသည့် အမျိုးအမည်မသိ သတ္တု ခြေကွင်း တပ်ဆင်ထားကြောင်းနှင့် ၎င်း၏ခန္ဓာကိုယ်၌ ခရမ်းရောင်ဖဲကြိုးဖြင့် တုတ်နှောင်စည်းလျက် နောက်ကျောတွင် အလျား ၃ လက် မ၊ အနံ ၁.၅ လက်မ၊ အထူ ၀.၅ လက်မ အရွယ်ရှိ ဆိုလာပြားငယ်ပါ အဖြူရောင် အမျိုးအမည်မသိ ကိရိယာတစ်ခု တပ်ဆင်ထားကာ အဆိုပါ ကိရိယာ၏ မျက်နှာပြင်၌ mwb 1605 နောက်ကျောတွင် WT 200/ Dimension 45x81822/ Weight approx-72/Case Matiril စသည့် စာတမ်းများ အထက်အောက် ပါရှိခဲ့ကြောင်း သိရှိရသဖြင့် ဒီဇင်ဘာလ ၆ ရက်နေ့၊ ၁၇၅၅ အချိန် မင်းကင်းမြို့နယ် စီ/ခန့်ဥက္ကဌ ဦးသိန်းစိုး၊ မင်းကင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သက်ထွန်းတို့မှ သွားရောက် စစ်ဆေးခဲ့ပြီး မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးချစ်သန်းထွန်းနှင့် မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လ/ထကြီးကြပ်ရေးမှူး ဦးမောင်မောင်စိုးတို့ထံ လင်းယုန်ငှက်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment