မုန်တိုင်းငယ်အနေဖြင့် အိန္ဒိယနိုင်ငံ north Andrapradexh ကမ်းခြေသို့ ရွေ့လျားနိုင်၊ မြန်မာနိုင်ငံအတွင်း မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် BOB/ 08/2017 သည် လွန်ခဲ့တဲ့ ၆ နာရီအတွင်းက မြောက်ဘက်အရပ်ဆီသို့ တစ်နာရီ 4 km နှုန်းဖြင့် ရွေ့လျားလာခဲ့ပြီး အဆိုပါ မုန်တိုင်းငယ်ဟာ မြောက်၊ အနောက်မြောက် ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ north Andrapradexh ကမ်းခြေနဲ့ south Odisha ကမ်းခြေများဆီသို့ ၈-၁၂-၂၀၁၇ ရက် ညနေပိုင်းတွင် ရောက်ရှိ လာနိုင်ကြောင်း မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ဒီဇင်ဘာလ ၇ ရက် (ယနေ့) နံနက်ပိုင်း ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် မုန်တိုင်းငယ်နှင့် ပတ်သက်၍ ခန့်မှန်းချက်အား ရေးသားဖော်ပြထားသည်။
 
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၅ ပေမှ ၉ ပေခန့် ရှိနိုင်သည်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်ဟုလည်း မိုးဇလက ဒီဇင်ဘာ ၇ ရက် (ယနေ့) နံနက်ပိုင်းက ခန့်မှန်းထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment