မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာ တာဝန်ခံကို နေအိမ်အတွင်း သေနတ်ဖြင့်ပစ်၊ ဓားဖြင့်ခုတ်မှု ဖြစ်ပွား

မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာ တာဝန်ခံကို နေအိမ်အတွင်း သို့ လူနှစ်ဦးက ၀င်ရောက်ကာ သေနတ်ဖြင့်ပစ်၊ ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းဖော်ပြထားသည်။
 
ဖြစ်စဉ်မှာ မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန် ၃၄ နှစ် နေအိမ်သို့ ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခွဲတွင် လူနှစ်ဦး(စိစစ်ဆဲ) ဝင်လာ၍ သေနတ်ဖြင့် ပစ်ပြီး ဓားဖြင့် ခုတ်ခဲ့ရာ ရှော်ဖိတ်အာမန်တွင် ဝမ်းဗိုက်ပေါက်ထွက်၊ လည်ဂုတ်၊ ညာလက်ဖျံ၊ ဘယ်ပခုံး ပြတ်ရှ ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
 
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ မိနစ် ၄၀ တွင် အခင်းဖြစ်ပွား ရာနေရာသို့ ရောက်ရှိ စစ်ဆေးရာ ၇.၆၂ ကျည်ခွံ တစ်ခုနှင့် အိမ်နံရံ အတွင်းမှ ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့သည်။
 
ရှော်ဖိတ်အာမန်အား ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခဲ့သူ နှစ်ဦးအား မကျီးချောင်းနယ်မြေစခန်း၌ (ပ) ၆၅/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄၊ လူသတ်မှု ၊ ပူးပေါင်းကြံစည်မြှုဖင့် အမှုဖွင့်ကာ ဖမ်းဆီး ရမိနိုင်ရေး စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment