အဝေးကွင်း ရမှတ် ၉၀၀ ပြည့် ပထမဆုံး ပရီးမီးယားကလပ် မန်ယူ

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ၀က်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်ရမှတ် ၃ မှတ် ရယူနိုင်ခဲ့တာကြောင့် အဝေးကွင်းရမှတ် ၉၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကလပ်အဖြစ် ရပ်တည်နိုင်ပြီ ဖြစ်ပါတယ်။
 
မန်ယူအသင်း၏ အားထားရသော ကွင်းလယ် ကစားသမားဖြစ်သည့် နီမန်ယာ မာတစ်သည် ၀က်ဖို့ဒ်အား ၂-၄ ဖြင့် အနိုင်ရရှိခဲ့သော ပွဲ၌ ကြွက်သားဒဏ်ရာ ရရှိခဲ့သဖြင့် လာမည့် ပရီးမီးယားလိဂ် အရေးကြီးပွဲစဉ် ဖြစ်သည့် အာဆင်နယ် အသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်အား လွဲချော်ရန်ရှိနေကြောင်း သိရှိရသည်။
 
မန်ယူအသင်းဟာ အသင်းအတွက် လိုအပ်တဲ့ တောင်ပံ တိုက်စစ်ကို ဖြည့်ဆည်းနိုင်ရန် ဘင်ဖီကာအသင်းမှ စပိန်နောက်ခံလူ Alex Grimaldo ကိုခေါ်ယူဖို့စီစဉ်ရန် ကင်းထောက်များ စေလွှတ်နေကြောင်း သတင်းများက ဖော်ပြထားပါတယ်။
 
အသက် ၂၂ သာ ရှိသေးတဲ့ ဂရီမယ်ဒိုဟာ ဘာစီလိုနာရဲ့ လာမာစီယာ လူငယ်အကယ်ဒမီမှ ထွက်လာတဲ့ ကစားသမား ဖြစ်ပြီး ခေါ်ယူလိုပါက ပေါင် ၁၈ သန်းခန့် ကုန်ကျဖွယ်ရှိကြောင်း သိရှိရပါတယ်။
 
မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ် အသင်းမှ ဂါရတ်ဘေး နှင့် နောက်ခံလူ ရာဖေးရယ်ဗာရန်ကို ချိတ်ဆက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။ အသင်းရဲ့ ကစားသမားကောင်း တစ်ဦးဖြစ်တဲ့ ခရစ်စတီရာနို ရော်နယ်ဒိုလ်ကိုလည်း အိုးထရက်ဖို့ဒ်မြေမှာ ပြန်လည်အခြေချရန် လိုလားနေကြောင်းလည်း သတင်းထွက်နေပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment