Redmi 5 and Redmi 5 Plus မိုဘိုင်းလ် ဖုန်း ၂ မျိုးကို December လတွင် Xiaomi မိတ်ဆက်မည်

တရုတ် နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီ Xiaomi သည် Redmi 5 နှင့် Redmi 5 Plus ဖုန်း အမျိုးအစား ၂ မျိုးကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်မိတ်ဆက်တော့မည် ဖြစ်ကြောင်း အဆိုပါဖုန်း ထုတ်လုပ်သူတွေရဲ့ Weibo တွင် ဖော်ပြချက်အရ သိရသည်။
 
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို နာမည်ကြီး ပေါ့ (Pop) ဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် SNH48 အဖွဲ့ဖြင့် ပြုလုပ်မည် ဖြစ်ပြီး အဖွဲ့တွင် ပါဝင်သည့် ပါဝင်သူ ၁၂ ယောက်လုံးက Redmi 5,5 Plus ဖုန်းများဖြင့် ကိုယ်တိုင် Selfie ရိုက်နေဟန် သရုပ်ဖော်ပုံများဖြင့် မိတ်ဆက်ပြသ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ဖုန်း၏ အရှေ့ပိုင်း မျက်နှာပြင် အရည်အသွေးကို FullView Display အရည်အသွေး ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး ဖုန်း၏ နောက်ဘက်ခြမ်းတွင် ကင်မရာနှင့် Finger Print Scanner (လက်ဗွေစနစ်) ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
 
Ref: GSMArena
The Ladies News
 

 

Vote: 
No votes yet

Add new comment