အင်ဒိုသမ္မတ၏သမီး မင်္ဂလာဆောင် အခမ်းအနားနှင့် မြန်မာသံရုံးအား တိုက်ခိုက်ရန် ကြံစည်သည့် မွတ်ဆလင် စစ်သွေးကြွတစ်ဦးကို ဖမ်းဆီးရမိကြောင်း အင်ဒိုရဲတပ်ဖွဲကဆို

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို၏သမီး မင်္ဂလာဆောင်နှင့် မြန်မာသံရုံး အား တိုက်ခိုက်ရန် ကြံစည်သည် မွတ်ဆလင် စစ်သွေးကြွ တစ်ဦးအား အင်ဒိုနီရှား အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၈ ရက်)က အင်ဒိုရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
 
အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Raden Argo Yuwono က အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်သူ အသက် ၂၅ နှစ်အရွယ် Rizky Anggara ဆိုသူအား မြို့တော်အနီးရှိ Bekasi မြို့တွင် တနင်္လာနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးထိန်းသိမ်း နိုင်ခြင်းဖြစ်ကြောင်း ပြောသည်။
 
Rizky သည် ၎င်းနေအိမ်တွင် အသက် ၄၄ နှစ်အရွယ် အမေဖြစ်သူနှင့် ခေတ္တ နေထိုင်ခြင်းဖြစ်ပြီး ၎င်းအိမ်မှာ “အစ္စလာမ်မစ် ပြည်ထောင်စုအား ထောက်ခံအားပေးသူ တစ်ဦးဖြစ်သူဖြစ်ေ၊ကြာင်း စုံစမ်းရရှိသည်ဟု Argo က ပြောသည်။
 
“၎င်းအနေဖြင့် ဂျာကာတာမြို့ရှိ မြန်မာသံရုံး နှင့် သမ္မတ ဂျိုကိုဝီရဲ့သမီး မင်္ဂလာဆောင် အခမ်းအနားကို တိုက်ခိုက်ဖို့ စီစဉ်ထားခြင်း ရှိတယ်”ဟု ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောသည်။
 
အင်ဒိုနီးရှားသမ္မတ၏ သမီးဖြစ်သူ မင်္ဂလာဆောင်အား ၀ီဒိုဒို၏ မွေးရပ်မြေ ဂျာဗားခရိုင် အလယ်ပိုင်းရှိ မြို့တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ၎င်းမင်္ဂလာဆောင်သို့ နိုင်ငံခြားသံတမန်များ အပါအ၀င် ဧည့်သည်တော် ၈၀၀၀ ဦးခန့် တက်ရောက်ဖွယ် ရှိကြောင်း သိရသည်။
 
စိုင်းဟန်
Ref: South China Morning Post
The Ladies News

 

Vote: 
No votes yet

Add new comment