ငြိမ်းချမ်းရေး ဂီတပွဲတော် Level – 3 ပွဲစဉ် ၂ ပြိုင်ပွဲ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည်

ငြိမ်းချမ်းရေး ဂီတပွဲတော် Level – 3 ပွဲစဉ် ၂ ပြိုင်ပွဲအား ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
ငြိမ်းချမ်းရေး ဂီတပွဲတော် ( Peace Music Festival ) ငြိမ်းချမ်းရေး သီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေး သီချင်းဆိုပြိုင်ပွဲ Level 1 အဖြစ် ပဏာမ အသံစစ်ဆေးခြင်းကို မြို့ကြီး ၁၁ မြို့တွင် ပြုလုပ်ခဲ့ပြီး Level – 2 ပြိုင်ပွဲကို မန္တလေးမြို့နှင့် နေပြည်တော်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
 
ယင်းသို့ အဆင့်ဆင့် တက်ရောက်လာသည့် အဆိုရှင်များသည် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Level – 3 ပြိုင်ပွဲ ပွဲစဉ် ၁ ကို နေပြည်တော် တွင် ပြီးခဲ့သည့် ရက်က ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ် ၂ ကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ ရက်၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
ငြိမ်းချမ်းရေး ဂီတပွဲတော်၊ ငြိမ်းချမ်းရေး သီချင်းဆိုပြိုင်ပွဲ၏ နောက်ဆုံး ယှဉ်ပြိုင်ကြရမည့် Finalists ၁၁ ဦးမှာ -
 
(၁) စလား (မြစ်ကြီးနားမြို့)
(၂) ဇင်သူဇာထွန်း (ပုသိမ်မြို့)
(၃) ဖြူလှ (စစ်တွေမြို့)
(၄) လင်းသစ် (ပုသိမ်မြို့)
(၅) မေသဇင် (ရန်ကုန်မြို့)
(၆) ဖုန်းဝေသွင် (ရန်ကုန်မြို့)
(၇) Sa Paung (ဘားအံမြို့)
(၈) Aဒေး (တောင်ကြီးမြိ့)
(၉) ကြူကြူခိုင် (ကလေးမြို့)
(၁၀) မေသူကျော် (ရန်ကုန်မြို့)
(၁၁) R ဝါလင်း (ရန်ကုန်မြို့)
တို့ဖြစ်သည်။
 

 

Vote: 
No votes yet

Add new comment