မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း ယနေ့ ခြေစမ်းပွဲကစားမည်

၂ဝ၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ် ၅ အတွက် လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ကမ္ဘောဒီးယား လက်ရွေးစင် အသင်းတို့သည် နိုဝင်ဘာ ၉ ရက် (ယနေ့) ညနေ ၆ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ အိုလံပစ် အမျိုးသား ဘောလုံးကွင်း၌ ခြစမ်းကစားမည် ဖြစ်ကြောင်း သိရသည်။
 
မြန်မာအသင်းအနေဖြင့် နိုဝင်ဘာ ၁၄ ရက်တွင် အိန္ဒိယအသင်းနှင့် အာရှဖလားခြေစစ်ပွဲ အဝေးကွင်းပွဲ အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစား ခြင်းဖြစ်ပြီး ယင်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
 
ပွဲကြို သတင်းစာရှင်းလင်းပွဲမှုတွင် မြန်မာ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ''အိန္ဒိယအသင်းနဲ့ အာရှဖလား ခြေစစ်ပွဲ မကစားခင် ဒီခြေစမ်းပွဲကို လာရောက် ကစားတာပါ၊ ကမ္ဘောဒီးယားအသင်းရဲ့ ကစားပုံကို သဘောကျ ပါတယ်၊ အလွန် တိုးတက်လာတဲ့ အသင်းပါ၊ နှစ်သင်းစလုံးက အာရှဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်နေကြတာ ဖြစ်လို့ မနက်ဖြန် ကစားမယ့်ပွဲက နှစ်သင်းစလုံးအတွက် အကျိုးရှိစေမှာပါ''ဟု ပြောကြားသည်။
 
ကမ္ဘောဒီးယားနှင့် ယှဉ်ပြိုင်မှုတွင် မြန်မာအသင်းအနေဖြင့် ကစားသမား ၂၃ ဦး ရွေးချယ်ထားပြီး နိုဝင်ဘာ ၁၁ ရက်တွင် အိန္ဒိယအသင်းနှင့် ခြေစစ်ပွဲ ကစားရန် ထွက်ခွာမည် ဖြစ်သည်။ မြန်မာအသင်းနှင့် ကမ္ဘောဒီးယား အသင်းသည် ၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့် တွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment