သုံးနိုင်ငံ (မြန်မာ၊ ထိုင်း၊ လာအို) မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

သုံးနိုင်ငံ (မြန်မာ၊ ထိုင်း၊ လာအို) မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး (Lathwei Nation Fight 3 ) ကို နိုဝင်ဘာ ၁၉ ရက်၊ နေ့ ၁ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး (Lathwei Nation Fight 3) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ Modern Myanmar Group နှင့် H&S Group တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။
 
ထိုးသတ်မည့် တွဲဆိုင်းများမှာ ၂ဝ၁၆ MLWC Champion စောဂေါ်မူတို (မြန်မာ- သတ္တိ ကလပ်)နှင့် ထိုင်းဖိုက်ချန်ပီယံ ကမ္ဘာ့မွေထိုင်း ချန်ပီယံ ဆင်းမန်းနီး(ထိုင်း)၊ ၂ဝ၁၅၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ သွေးသစ်အောင် (မြန်မာသုံးပန်လှ ကလပ်)နှင့် လုံပနီချန်ပီယံ နှစ်ကြိမ်ရ ဒွန်ဆန်ပေါင် (ထိုင်း)၊ စောကျော်ဖိုးခွား (မြန်မာ Phonix) နှင့် ပတ်မွန်ချွန်း (လာအို)၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ ရန်နိုင်ထွန်း နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် မင်းထက်ကျော်၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ စိုးဝင်းသန်း နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် ခွန်အာကာ၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ သပြေအောင်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေ တံဆိပ် ဆုရှင် မားမားရွှေအောင်လံ ဆုရှင် သိန်းစိုးတို့ ယှဉ်ပြိုင်ထိုးသတ် ကြမည် ဖြစ်သည်။
 
ထို့အပြင် အမျိုးသမီး အထူးပွဲစဉ်အဖြစ် နော်ဥမ္မာစိုး (ထွန်းသွင်)နှင့် စုလှိုင်နှင်း (တောင်ဇလပ်)တို့ တွဲဆိုင်းများ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။
 
အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး (Lathwei Nation Fight 3) ၏ ဝင်ကြေးအဖြစ် ရှေ့ဆုံးတန်းခုံ ၆ဝ၊ ကျပ် ငါးသောင်း၊ ယင်းနောက် ကျပ် နှစ်သောင်း ငါးထောင်၊ ကျပ် နှစ်သောင်း၊ ကျပ် ငါးထောင်တို့ ဖြစ်ကြောင်းလည်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment