ပထမဦးဆုံး ခရီးကြမ်း ဆိုင်ကယ်မောင်းပြိုင်ပွဲ နိုဝင်ဘာ ၁၈ တွင် မန္တလေးနေကာတောင်၌ ကျင်းပမည်

Myanmar Enduro က စီစဉ်သည့် ပထမဦးဆုံးအကြိမ် ခရီးကြမ်း မော်တော်ဆိုင်ကယ် ပြိုင်ပွဲအား နိုဝင်ဘာ ၁၈ ရက်တွင် မန္တလေးမြို့ နေကာတောင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Enduro ဖေ့စ်ဘွတ်စာမျက်နှာ ဖော်ပြချက်အရ သိရသည်။
 
Myanmar Enduro Competition 2017 ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ဒို, R Start, Lanza, Tricker, WR,YP, DT, Serow စသည့် မည်သည့် Off-Road ဆိုင်ကယ် အမျိုးအစားနှင့် မဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
 
မည်သည့် ဆိုင်ကယ်ဘီင်္းအမျိုးအစား ကန့်သတ်ချက် မရှိသော်လည်း အင်ဂျင်ပါဝါ ကန့်သတ်ချက် ၂ ခုဖြစ်သည့် ၁၂၅ စီစီမှ ၂၃၀ စီစီကြား (အငယ်တန်း)နှင့် ၂၃၀ စီစီမှ ၄၅၀ စီစီ အထက် (အကြီးတန်း)တို့တွင် မိမိကိုယ်ပိုင် ဆိုင်ကယ်ဖြင့် ၀င်ရောက် ယှဉ်ပြီုင်နိုင်မည်ဖြစ်သည်။
 
လမ်းအနေအထား အခြေအနေကြောင့် တာယာအား Off-road အမျိုးအစား ဖြစ်မှာသာ အဆင်ပြေ ဖြစ်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။ ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်ရာတွင် Full Face Helmet၊ Glove၊ Shoe မဖြစ်မနေ ၀တ်ဆင်ရမှာဖြစ်သပြီး Body Cover Safety Suit ပါလျှင် ပိုမိုသင့်လျှော်ကြောင်း ဆိုသည်။
 
ဆုကြေးအနေဖြင့် ပြိုင်ပွဲတစ်ခုချင်းစီအတွက် ဆု ၅ ဆုစီချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု သုံးသိန်းကျပ်၊ တတိယဆု နှစ်သိန်းကျပ်၊ စတုတ္ထဆု တစ်သိန်းကျပ် နဲ့ ပဉ္စမဆု ၇ သောင်းကျပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
 
ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၇ လမ်း 501 ဖက်ရှင်ဆိုင်နှင့် ၇၈ လမ်း အိုစတိုး တို့တွင် နိုဝင်ဘာ ၉ ရက်ထက် နောက်မကျဘဲ စာရင်းပေးသွင်း လျှောက်ထားရမည်ဖြစ်သည်။
 
ပြိုင်ပွဲစည်းကမ်းများနှင့် အသေးစိတ်သိရှိလိုပါ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာ ဖြစ်သည့် Myanmar Enduro တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။
 
ဓာတ်ပုံ-Myanmar Enduro ဖေစ်ဘွတ်
The Ladies News
 

 

Vote: 
No votes yet

Add new comment