CB Bank နှင့် Cisco အကြား နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုး

လုံခြုံစိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို Customer များသို့ပေးရန် ခိုင်မာသော နည်းပညာ တည်ဆောက်မှု များအတွက် CB Bank နှင့် Cisco အကြား နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
အဆိုပါ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ရှိ Melia Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုသူများ အရှိန် အဟုန်ဖြင့် တိုးပွားလာခြင်းနှင့်အတူ နိုင်ငံတကာ အဆင့်မီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများနှင့် Product အသစ်များကို မျှော်လင့်တောင်းဆို လာခြင်းများရှိသည်။
 
ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများသည် နည်းပညာကို အခြေခံ၍ လုံခြုံစိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို Customer များသို့ပေးရန် ခိုင်မာသော နည်းပညာ တည်ဆောက်မှုများသည်လည်း ယခင်ကထက် ပိုမိုလုံခြုံမှု ရှိစေရန် အထူးလိုအပ်လာသည်။
 
ထို့ကြောင့် CB Bank အနေဖြင့် Core Banking ၊ Digital Banking နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို သုံးစွဲသည့် Customer များနှင့် မိတ်ဖက် အဖွဲ့အစည်းများသို့ လုံခြုံစိတ်ချရသော ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။
 
ယင်းအတွက် Data Centre နှင့် Core Network Infrastructure တို့ကို ပြောင်းလဲ တည်ဆောက်ရန်အတွက် စီမံကိန်း၏ ဒီဇိုင်းနှင့် နည်းပညာ တည်ဆောက်မှုများတွင် စံသတ်မှတ်ချက်များကို အမြင့်မားဆုံး ထိန်းသိမ်း လုပ်ဆောင်နိုင်ရန် ကမ္ဘာ့အဆင့်မှီ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများစွာရှိသော Cisco Advance Service Team နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment