လာမည့် ၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသားမီဒီယာ သင်တန်းကျာင်း ဖွင့်လှစ်မည်

တိုင်းရင်းသား သတင်းမီဒီယာ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) က လာမည့် ၂၀၁၈ ခုနှစ်တွင်း၌ တိုင်းရင်းသား မီဒီယာ သင်းတန်းကျောင်း တစ်ခုဖွင့်လှစ်မည် ဖြစ်ကြောင်း BNI အဖွဲ့မှ အလုပ်အမှုဆောင် ဒါရိုက်တာ နိုင်ကဆုမွန်က The Ladies News သို့ ပြောကြားသည်။
 
စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပခဲ့သည့် BNI အဖွဲ့၏ ၂၅ ကြိမ်မြောက် ဒာယ်ဒီတာ အစည်းအဝေး တွင် တိုင်းရင်းသား မီဒီယာ သင်တန်းကျောင်းကို ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နေရာဒေသ ကိုတော့ မရွေးချယ်ရသေးကြောင်း ၄င်းကပြောကြားသည်။
 
တိုင်းရင်းသား မီဒီယာများတွင် အရည်အသွေး ပြည့်မီသည့် သတင်း ထောက်များ မွေးထုတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အစီရင်ခံ ရေးသားနိုင်ရန် ရည်ရွယ်ပြီး သင်းတန်းကျောင်းကို ဖွင့်လှစ်မှာ ဖြစ်သည်ဟု နိုင်ကဆုမွန် က ပြောကြားသည်။
 
`ဒီကျောင်းဖွင့်နိုင်ဖို့အတွက် ဘက်ပေါင်းစုံကို ကျွန်တော်တို့ သွား ဆွေးနွေးရမှာပေါ့။ အစိုးရဘက်ကိုလည်း ဆွေးနွေးရမယ်။ နောက် MPC တို့ကိုလည်း ဆွေးနွေးရမယ်။ နောက် MJI တို့လို အဖွဲ့တွေနဲ့ ကျွန်တော်တို့ ဆွေးနွေးဖို့ ရှိပါတယ်။ ၂၀၁၈ မှာတော့ ဖြစ်အောင် ကျောင်းဖွင့်မယ်။ ရန်ကုန်တို့ မန္တလေး တို့မှာတော့ မဟုတ်ဘူး။ တိုင်းရင်းသား ဒေသတစ်ခုခု မှာ ဖွင့်မယ်။ နေရာကတော့ လောလောဆယ် မသတ်မှတ်ရေးဘူး` ဟု ၄င်းက ပြောကြားသည်။
 
BNI အဖွဲ့၏ ခြောက်ကြိမ်မြေက် ညီလာခံကို ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၁၈ ခုနှစ် ဧပြီတွင် ကျင်းပရန် ကရင်ပြည်နယ် ၀န်ကြီးချုပ်၏ ခွင့်ပြုချက် ကို ရရှိခဲ့ပြီး ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပမည်ဟု နိုင်ကဆုမွန်က ဆက်လက်ပြောကြားသည်။
 
ပထမအကြိမ် ညီလာခံကို ၂၁၁၃ ခုနှစ်တွင် မော်လမြိုင်၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ်တွင် တောင်ကြီး၊ တတိယအကြိမ် ညီလာခံကို ၂၀၁၅ ခုနှစ်တွင် ဟားခါး၊ စတုတ္ထအကြိမ် ညီလာခံကို ၂၀၁၆ ခုနှစ်တွင် မြေက်ဦး ၊ ပဉ္စမအကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ်တွင် လွိုင်ကော်မြို့ တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment