IS က မြန်မာကို တိုက်ရန်ရှိကြောင်း အင်ဒိုနီးရှား အကြမ်းဖက် တိုက်ဖျက်ရေးရဲချုပ် သတိပေးခဲ့ဟု ဆို

IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့က မြန်မာနိုင်ငံကို တိုက်မည်ဆိုသည့် ပြောကြား ချက်များ ရှိကြောင်း အင်ဒိုနီးရှား အကြမ်းဖက် တိုက်ဖျက်ရေးရဲချုပ်က သတိပေးခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင် မီဒီယာများသို့ ပြောဆိုခဲ့သည်။
 
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန တွင်ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် အင်ဒိုနီးရှားရဲချုပ်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
 
“အင်ဒိုနီးရှား အကြမ်းဖက်တိုက်ဖျက်ရေး ရဲချုပ်ပေါ့ အဲ့ဒီရဲချုပ်ကလည်း ပြောသွားပါတယ်။ သူတို့ဆီမှာ ISအဖွဲ့တွေ ဆီးရီးယားတို့ ဘာတို့မှာ တိုက်လာတဲ့ သူတွေ သူတို့ပြန်ဖမ်းမိတယ်။ ဖမ်းမိတဲ့အခါမှာ ပြန်ပြီး စစ်ဆေး တယ်။ စစ်ဆေးတဲ့အချိန်မှာ မြန်မာနိုင်ငံကို တိုက်မယ်ဆိုတဲ့ IS ဘက်က ပြောကြားချက်တွေ ကျွန်တော်တို့ကို ပေးပါတယ်။ သူတို့ရဲ့ စကားအရ ပြောရရင် ဒီမြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်သမားတွေရဲ့ သူတို့စုစည်းရာနေရာ ဖြစ်လာပြီလို့ သူတို့ပြောပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
 
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည်ကို အစိုးရအနေဖြင့် ကြိုတင် သိရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
 
“သြဂုတ်၊ စက်တင်ဘာပေါ့။ ကျွန်တော်တို့မှန်းတာ အဲ့ဒီမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်မယ်။ တစ်နည်းတစ်ဖုံ လုပ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုဖီအာနန် Report သည် သြဂုတ်လမှာထွက်မယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် စက်တင်ဘာမှာ စမယ်။ အဲ့ဒီအတွက် သြဂုတ်၊ စက်တင်ဘာကို မှန်းပြီး လုပ်လိမ့်မယ်ဆိုတာ မူလကတည်းက သတိပေးထားပြီးသား ဖြစ်ပါတယ်”ဟုလည်း ဦးဇော်ဌေးကပြောသည်။
 
အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများမှ သတင်းအချက်အလက်များ၊ ထောက်လှမ်းရေး အချက်အလက်များ ရရှိခဲ့ကြောင်းလည်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
Average: 3.5 (2 votes)

Add new comment