စင်ကာပူနိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီးသမ္မတ ထွက်ပေါ်လာ

စင်ကာပူနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသူအဖြစ် အမျိုးသမီး ကိုယ်စားလှယ် လောင်း တစ်ဦး သာ ရှိသည့်အတွက် မဲပေးရွေးချယ်ရန် မလိုဘဲ ပထမဦးဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခြင်းဖြစ်သည်။
 
ထိုသို့ထိ တစ်ဦးတည်းသာ ရှိနေသည့်အတွက် ပြည်သူတွေအနေနဲ့ မဲပေးရွေးချယ်ဖို့ မလိုတော့ဘဲ သမ္မသစ် တင်မြှောက်ခံရသည်အပေါ် မကျေမနပ် ဖြစ်နေသည့်အပေါ် သူမအနေဖြင့် ပြည်သူအားလုံးအတွက် သမ္မတဖြစ်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့ခြင်း များရှိသည်။
 
သူမအနေဖြင့် ကျမ်းသစ္စာကျိန်ဆိုပြီး ယနေ့ (စက်တင်ဘာ ၁၄ ရက်) နံနက်ပိုင်း သမ္မတရုံးတက်ရောက်ကာ ရုံးစထိုင်ကြောင်း သိရသည်။ ယခုကဲ့သို တစ်ဦးတည်းသော အရည်အချင်းမီ သမ္မတလောင်းဖြစ်သည့် စင်ကာပူ အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဟာလီမက်ရှ် ယာကော့ဘ်အနေနဲ့ ဒီနေ့ စက်တင်ဘာ ၁၃ ရက်နေ့တွင် တရားဝင် အမည်စာရင်း တင်သွင်းပြီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
စင်ကာပူနိုင်ငံတွင် တရုတ်၊ မလေးနှင့် အိန္ဒိယလူမျိုးဆိုသည့် လူမျိုး ၃ မျိုးအနေဖြင့် ၆ နှစ်တခါ အလှည့်ကျ
ရွေးချယ်ရာတွင် သူမသည် မလေးလူမျိုး ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခြင်းဖြစ်သည်။ အလှည့်ကျ ဆိုသော်လည်း လွတ်လပ်ရေး ရခါစကပင် စင်ကာပူ၏ ပထမဆုံး သမ္မတအနေဖြင့် မလေးလူမျိုးက ၆ နှစ် တာဝန်ယူပြီးနောက် အိန္ဒိယလူမျိုး S R Nathan အနေဖြင့် Renewable လုပ်ခွင့်ရှိသဖြင့် သက်တမ်း ၂ ကြိမ်
၁၂ နှစ် တာဝန်ယူခဲ့ကြပြီး နောက်ပိုင်းတွင် တရုတ်လူမျိုး သမ္မတများက ဆက်တိုက် တာဝန်ယူခဲ့ကြောင်း သိရသည်။
 
စင်ကာပူ သမ္မတသစ်အဖြစ် ရွေးကောက်ပွဲဝင်နိုင်ဖို့  အတွက် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည့် သမ္မတ အရည်အချင်းနှင့် ပြည့်စုံရန် အရည်အချင်း ရွေးချယ်ယှဉ်ပြိုင်ရာတွင် မလေးလူမျိုး ၃ ယောက်တွင် ၂ ယောက်သည် သတ်မှတ်ချက် အရည်အချင်းနှင့် မကိုက်ညီသည်ဆိုကာ အပယ်ခံရသည့်အတွက် အသက် ၆၃ နှစ်အရွယ် ယာကော့ဘ်တစ်ယောက်သာ သမ္မတလောင်းအဖြစ် ကျန်ရှိခြင်း ဖြစ်သည်။
 
စိုင်းဟန်
Photo - The straits time
The Ladies News

 

Vote: 
No votes yet

Add new comment